ကျိုက်လတ်မြို့နယ် “အောင်သုခ” ဆန်စက်သို့ MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းတွေ့ဆုံ ဆွေးနွေးခြင်း

Powered by Drupal

           ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးမိုးမင်းသည် ၂၀၂၅ ခုနှစ်၊ (၁၁) ရက်နေ့၊ နံနက်(၁၃:၀၀) နာရီအချိန်တွင် ကျိုက်လတ်မြို့နယ် လှည်းဆိပ်ကျေးရွာရှိ “အောင်သုခ” ဆန်စက်သို့ MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

             ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ဆန်စက်အတွင်း ခေတ်မီစက်ကိရိယာများနှင့် နည်းစနစ်ဖွံ့ဖြိုးတိုးတက်စေရေး၊ တပ်ဆင်အသုံးပြုမှုအခြေအနေ၊ လက်ရှိဖြစ်ပေါ်နေသော ဆန်စပါးဈေးနှုန်းဈေးကွက်အခြေအနေနှင့် ဆန်စပါးသိုလှောင်ထားရှိမှု့၊ ထုတ်ကုန်များ ထုတ်လုပ်နိုင်ခြင်းရှိမှု ခေတ်မှီဖွံ့ဖြိုးတိုးတက်မှသာ ထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်ပြီး ဈေးကွက်စီးပွားရေးစနစ် ကျယ်ပြန့်လာနိုင်သလို၊ အလုပ်သမား မိသားစုများအတွက် စားဝတ်နေရေးပြေလည်စေနိုင်မှုများ၊ ထို့အပြင်မြို့နယ်တာဝန်ခံမှ MSMEs လုပ်ငန်းနှင့် ပက်သက်၍ အရည်အသွေးပြည့်ဝကောင်းမွန်သော ဆန်စပါးအရည်အသွေးထုတ်လုပ်မှုပြည့်မီစေရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် ပက်သက်၍ထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်မှသာ ပြည်တွင်းစားနပ်ရိက္ခာဖူလုံခြင်းနှင့် ပြည်ပဈေးကွက်သို့လည်း ထုတ်ကုန်များတင်ပို့နိုင်မည်ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှုရှိမှသာ တိုင်းပြည်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ကွင်းဆင်းတွေ့ဆုံ ဆွေးနွေးခဲ့မှုအပေါ် သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)