သထုံခရိုင်၊ သထုံမြို့နယ်သို့ ရန်ကုန်မြို့ရှိ စားအုန်းဆီကုမ္ပဏီများမှဆီကားများ ရောက်ရှိလာမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

          မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်၊ သထုံမြို့နယ်တာဝန်ခံ ဒုတိယဦးစီးမှူး ဦးထိန်လင်းထွန်းသည် (၁၅.၃.၂၀၂၅) ရက်နေ့တွင် (ယာဉ်အမှတ် 4G-7041) ယာဉ်မောင်း ဦးအောင်မျိုးထွဋ်ကျော် မော်တော်ယာဉ်ဖြင့် စားအုန်းဆီ (၃၄) ပေပါ ရောက်ရှိလာ ခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ သထုံမြို့နယ် ဆီကိုယ်စားလှယ် ဦးလှအေး (၁၇) ပေပါ၊ ဦးမျိုးလှိုင်း (၁၇) ပေပါခွဲတမ်းရရှိပြီး ခွဲတမ်းရရှိလာသော စားအုန်းဆီများကို ရည်ညွှန်းဈေး၊ သယ်ယူပို့ဆောင်ခနှင့် ၂% အမြတ်တို့ဖြင့် လက်လီ/လက်ကားဆိုင်များသို့ ခွဲဝေရောင်းချသွား မည်ဖြစ်ကြောင်း၊ လက်လီ/လက်ကားဆိုင်များမှ စားသုံးသူပြည်သူများသို့ ၂% အမြတ် စားအုန်းဆီ တစ်ပိဿာလျှင် ၇၆၆၁ ကျပ်ဖြင့် ပြန်လည်ရောင်းချပေးသွားမည်ဖြစ်ကြောင်း စားအုန်းဆီခွဲတမ်းရရှိသော လက်လီ/လက်ကား ကိုယ်စားလှယ်ထံမှ သိရှိရပါသည်။

DOCA(မွန်)