
စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၅ခုနှစ်၊ မတ်လ(၁၀)ရက် နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် သီရိမင်္ဂလာဈေးအတွင်းရှိ အိမ်သုံးဆေးဝါးများရောင်းချနေသော ဆေး အရောင်းဆိုင်များ၌ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ (၂/၂၀၁၉)ပါကုန်အညွှန်း အမှတ် အသားသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိ/မရှိ နှင့် စံမမီဆေးဝါးများ ရောင်းချမှုရှိ/မရှိ မိတ်ဖက် ဌာနဖြစ်သော အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ်ကျန်းမာရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ဈေးကွက် စောင့်ကြည့် စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် သီရိမင်္ဂလာဈေးအတွင်းရှိ ဆေးအရောင်းဆိုင်များ တွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏( ၂/၂၀၁၉ )ပါ ကုန်အညွှန်းအမှတ်အသားသတ် မှတ်ချက်များ နှင့် ကိုက်ညီမှုရှိသော အိမ်သုံးဆေးဝါးများကိုသာ တင်သွင်း ဖြန့်ဖြူးရောင်းချနေသည် ကို စစ်ဆေးတွေ့ရှိရပြီးဆေးဆိုင်ပိုင်ရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များ နှင့် ကိုက်ညီမှုရှိ သည့်ဆေးဝါးများသာ တင်သွင်းရောင်းချကြရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း မပြုရန်၊ သက်ဆိုင်ရာ ဌာနများ၏ ခွင့်ပြုချက်လိုင်စင်သက်တမ်းတိုးဆောင်ရွက်သွားရန်၊ စီးပွားရေး လုပ်ကိုင်ရာ တွင် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းများနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာဆောင်ရွက်ကြရန် အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ကယား)