
စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်ခွဲတာဝန်ခံ ဒေါ်တင်တင်ဌေး၊ ရုံးအုပ်ပါ (၂)ဦးတို့သည် (၁၇.၃.၂၀၂၅) ရက်နေ့ နေ့လည်(၁၃:၀၀)အချိန်တွင် တိုက်ကြီးမြို့နယ်ရှိ ကလေးကစားစရာအရုပ်အမျိုးမျိုး ရောင်းချနေခြင်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ ဆောင်ရွက်ခဲ့ရာတွင် ဈေးရပ်ကွက်အတွင်းရောင်းချနေသော ကလေးကစားစရာ အရုပ် အမျိုးမျိုးဖြစ်သော Fashion Personality, SF, Speedy Truck နှင့် City Police တို့တွင် ကုန်အညွှန်းအမှတ်အသားတွင် ဖော်ပြရမည့်အမျိုးအမည်၊ သုံးစွဲပုံနည်းလမ်းနှင့် ကြိုတင် သတိပေးချက်များ ပြည့်စုံစွာဖော်ပြထားကြောင်း စစ်ဆေးတွေ့ရှိရပြီး ရောင်းချနေသော ဆိုင်ရှင်များအား ယခုကဲ့သို့သတ်မှတ်ချက်များ ပြည့်စုံစွာဖော်ပြထားသော ကုန်ပစ္စည်းများကိုသာ ရောင်းချရန် အသိပညာပေးဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)