
မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်အတွင်းရှိ Kyaw San စက်သုံးဆီအရောင်းဆိုင်သို့ ၁၇.၃.၂၀၂၅ ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် စားသုံးသူရေးရာဦးစီး ဌာနမှ ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူး၊ ရေနံထွက်ပစ္စည်းကြီးကြပ် စစ်ဆေးရေးဦးစီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းပါဝင်လျက် ကွင်းဆင်းစစ်ဆေးခဲ့ ပါသည်။
ထိုသို့စစ်ဆေးခြင်းဆောင်ရွက်ရာတွင် စစ်ဆေးရေးအဖွဲ့များသည် စက်သုံးဆီအရောင်းဆိုင်၌ စက်သုံးဆီရောင်းချမှုအခြေအနေ၊ ဆီရောက်ရှိမှုအခြေအနေ၊ ဆီလက်ကျန်အခြေအနေများအား စစ်ဆေးမေးမြန်းခြင်းဆောင်ရွက်ခဲ့ပြီး Kyaw San စက်သုံးဆီအရောင်းဆိုင်တွင် ဆီသိုလှောင်ကန် ထပ်မံတည်ဆောက်ထားခြင်းအားစစ်ဆေးခြင်း၊ မြို့နယ်အတွင်းစက်သုံးဆီပြတ်လပ်မှု မရှိစေရေးနှင့် စက်သုံးဆီဈေးနှုန်း အဆမတန်မြှင့်တင်ရောင်းချခြင်းများ မရှိစေရေး ဆွေးနွေး မှာကြားခြင်းများဆောင်ရွက်ခဲ့ပြီး မီးသတ်ဦးစီးဌာနမှ စက်သုံးဆီအရောင်းဆိုင်များတွင် လိုအပ်သည့်မီးသတ်ဆေးဘူးများ ထပ်မံဖြည့်တင်းထားရှိရန် မှာကြားခြင်းများဆောင်ရွက်ခဲ့ ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)