
စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးအရှေ့ပိုင်းခရိုင်ဦးစီးမှူး ဦးလှစိုးနှင့် ဝန်ထမ်းများသည် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများနှင့် ပူးပေါင်းပြီး မြို့နယ် အတွင်း စားအုန်းဆီရောင်းချမှုအခြေအနေများကို ကွင်းဆင်းအသိပညာပေးမှုများ ဆောင်ရွက်လျှက်ရာ (17.3.၂၀၂၄) ရက်နေ့တွင် စားအုန်းဆီအရောင်းဆိုင်များအား သွားရောက်၍ ကွင်းဆင်းအသိပညာပေးမှုများ ဆောင်ရွက် ခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် တာဝန်ရှိသူများသည် ဈေးကွက်အတွင်း စားသုံးဆီ ရောင်းချသည့် ကိုယ်စားလှယ်များနှင့်တွေ့ဆုံပြီး သတ်မှတ်ဈေးနှုန်း ရေးဆွဲထားသည့် လက်လီ/ လက်ကား ဈေးနှုန်းများ ရေးသားထားသည့် ဗီနိုင်းများအား နေ့စဉ် ချိတ်ဆွဲရောင်းချရန် ခွဲတမ်းရရှိသည့် ဆီပေပါများကို တစ်ဆင့်ပြန်လည်ခွဲဝေပေးမှုအခြေအနေ၊ပြည်သူများထံ အပြည့်အဝရောင်းချပေးရန်နှင့် ဈေးကစားရန်အလို့ငှာ စားအုန်းဆီများ သိုလှောင်ထားခြင်းရှိ/မရှိ တို့ကို စစ်ဆေးခဲ့ပြီး၊ လိုက်နာမှုမရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်းနှင့် ဈေးကွက်အတွင်း ရောင်းချနေသော စားအုန်းဆီအမျိုးမျိုး တို့တွင်လည်း စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါဝင်မှု ရှိ/မရှိ ကို ကွင်းဆင်းစစ်ဆေး၍ အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)