
စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးအရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးမြသန်းနိုင် (လ/ထကြီးကြပ်ရေးမှူး)နှင့် ဝန်ထမ်းများသည် သင်္ဃန်းကျွန်းခရိုင် ၊ သင်္ဃန်းကျွန်းမြို့နယ် အတွင်းရှိ စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများနှင့် ပူးပေါင်းပြီး မြို့နယ်အတွင်း စားအုန်းဆီလက်လီရောင်းချမှု အခြေအနေများကို (17.3.၂၀၂၄) ရက်နေ့တွင် စားအုန်းဆီ လက်လီအရောင်းဆိုင်များအား သွားရောက်၍ ကွင်းဆင်းအသိပညာပေးမှုများ ဆောင်ရွက်ခဲ့ ကြောင်း သိရှိရပါသည်။
ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် စားအုန်းဆီလက်လီရောင်းချသူများအနေဖြင့် သတ်မှတ်ရည်ညွှန်းဈေးအပေါ် သယ်ယူပို့ဆောင်စရိတ်အပါအဝင် ဖြစ်သင့်ဖြစ်ထိုက်သည့် အမြတ် ရာခိုင်နှုန်းထက် ပိုမို၍ရောင်းချနေမှုရှိ/မရှိ စစ်ဆေးခဲ့ပြီး စားသုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် ကမ္ဘာ့ဈေးနှုန်းများဖြစ်ပေါ်စေရေးကို ထိန်းကျောင်းဆောင်ရွက်လျက်ရှိရာ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းကို အပတ်စဉ်ထုတ်ပြန်ပေးလျက်ရှိသည့်အတွက် လုပ်ငန်းရှင်များအနေဖြင့် စနစ်တကျလိုက်နာပေးစေလိုကြောင်း အသိပညာပေးပြောကြားခဲ့ ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)