
၂၀၂၅ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့ ၊ နံနက် ၈း၃၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှစစ်ဆေးရေးအရာရှိနှင့်ဝန်ထမ်းများသည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စည်ပင် သာယာရေးအဖွဲ့တို့နှင့်အတူ ထားဝယ်မြို့ပေါ်ရှိ ကုန်စုံဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ စျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစွာ ဝယ်ယူသုံးစွဲနိုင်စေရေးအတွက် စျေးကွက်အတွင်းရောင်းချနေသော အသင့်သောက်ကော်ဖီမစ်အမျိုးမျိုး၊ ဟင်းချိုမှုန့်များနှင့်အသင့်စားမုန့်အမျိုးမျိုးတို့အား မြန်မာဘာသာနှင့်ဖြစ်စေ၊ အခြားဘာသာတစ်ခုခုနှင့် ဖြစ်စေတွဲလျက် ဖော်ပြထားသော ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာပါရှိမှုရှိ/မရှိ စစ်ဆေး ခြင်း၊ သက်တမ်းလွန်စားသောက်ကုန်ပစ္စည်းများ ရောင်းချနေမှုရှိ/မရှိ စစ်ဆေးခြင်း၊ သက်ဆိုင်ရာဌာန ဆိုင်ရာများ၏ ထောက်ခံချက်များမပါရှိသော တရားမဝင်ကုန်ပစ္စည်းများရောင်းချမှု ရှိ/မရှိ စစ်ဆေးခြင်း များ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)