
စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဒေါ်ထိုက်ထိုက်ဝင်း ဦးစီးအရာရှိနှင့်အဖွဲ့ သည် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ်စိစစ်ထုတ်ပေးခြင်း၊ မြေပြင် လုပ်ငန်းနှင့်မှတ်ပုံတင်ထားရှိမှု ကိုက်ညီမှုရှိ/မရှိ လုပ်ငန်းလိပ်စာမှန်ကန်မှုရှိ/မရှိကို (၆.၃.၂၀၂၅) ရက် နေ့၊ နေ့လည်(၂း၀၀)နာရီအချိန်တွင် ဖန်စီပစ္စည်းများ၊ ပန်းချီ၊ ဓါတ်ပုံနှင့်အမှတ်တရ ဆက်စပ်ပစ္စည်း များ လူသုံးကုန်ပစ္စည်းများ၊ အခြားဝန်ဆောင်မှုများအား အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့် အမှတ် (၁၄/၄၇၉)၊ (၆)လမ်း၊ ပေါင်းလောင်းရပ်ကွက်၊ ပျဉ်းမနားမြို့နယ်၊ ပျဉ်းမနားခရိုင်၊ နေပြည်တော်သို့ သွား ရောက်၍ စစ်ဆေးခဲ ကြောင်း သိရှိရပါသည်။
ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကို လိုအပ်သည်များ မေးမြန်း ခြင်း၊ မြေပြင်စစ်ဆေးရမည့်အချက်(၁၈)ချက်နှင့်ကိုက်ညီမှုရှိ/မရှိ စစ်ဆေးခြင်းနှင့် စားသုံးသူကာကွယ် ရေးဥပဒေပါအခန်း(၁၇)ရှိ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုအပေါ်တာဝန်ရှိမှုနှင့် ပက်သက်၍ အသိပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(နေပြည်တော်)