(၅၁) နှစ်မြောက် မွန်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် မော်လမြိုင်မြို့၊ အဆင့်မြင့်ငါးဈေးသစ် ဖွင့်ပွဲအခမ်းအနားသို့ ပြည်နယ်ဦးစီးမှူး တက်ရောက်

Powered by Drupal

၁၈.၃.၂၀၂၅ ရက်နေ့ (၀၈:၀၀) အချိန်တွင် မော်လမြိုင်မြို့၊ မုပွန်ရပ်ကွက်၊ နယ်မြေ (၅)၊ မုပွန်တိုးချဲ့ (၈)လမ်း၊ သံလွင်မြစ်ဘေး၌ မွန်ပြည်နယ် အစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မွန်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြတ်အဏ္ဏဝါမင်းဆောက်လုပ်ရေး ကုမ္ပဏီလီမိတက် တို့ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်သည့် မော်လမြိုင်မြို့၊ အဆင့်မြင့်ငါးဈေးသစ် ဖွင့်ပွဲအခမ်းအနားသို့ မွန်ပြည်နယ် ဝန်ကြီချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့နှင့် ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဖိတ်ကြားထား သော ဧည့်သည်တော်များအပါအဝင်စုစုပေါင်း (၂၀၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

အခမ်းအနားတွင် မွန်ရိုးရာယိမ်းအဖွဲ့မှ မွန်ရိုးရာအကနှင့် ကရင်ရိုးရာဒုံးယိမ်းအဖွဲ့မှ ကရင်ဒုံးယိမ်းအကတို့ဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတ ရေးရာဝန်ကြီး ဒေါက်တာ အောင်မြတ်ကျော်စိန်မှ မွန်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်လမ်း ညွှန်မှုဖြင့် မွန်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြတ်အဏ္ဏဝါမင်း ဆောက်လုပ်ရေး ကုမ္ပဏီလိမိတတ်တို့ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်သည့်မုပွန်ရပ်ကွက်ရှိ စုစု​ပေါင်း စီမံကိန်းဧရိယာ (၁၀.၇၅၈)ဧက အနက် စီမံကိန်းအပိုင်း(၁)အဖြစ် ဧရိယာ (၄.၀၆)ဧက၌ (၂၄x၃၀x၁၄)ပေရှိ ငါးဈေးဆိုင်ခန်း (၆၀)ခန်း၊ (၁၂x၁၅x၁၂) ပေရှိ ကြက်ဈေးဆိုင်ခန်း (၈)ခန်း အပါအဝင် အဆင့်မြင့်ငါးဈေးသစ် တည်ဆောက်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ ကြောင်း၊ ယင်းနောက် မြတ်အဏ္ဏဝါမင်း ဆောက်လုပ်ရေး ကုမ္ပဏီလီမိတက်မှ မန်နေဂျင်း ဒါရိုက်တာ ဦးအောင်အောင်က လုပ်ငန်းဆိုင်ရာစာရင်းနှင့်အချက်အလက်များအား မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးတင်ကိုကိုထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး မွန်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ဘင်ခရာ၊ ပန်းပွားနှင့် တိုင်းရင်းသားအကအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ခဲ့ကြောင်း၊ ယင်းနောက် ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက မော်လမြိုင်မြို့၊ အဆင့်မြင့်ငါးဈေးသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး အမှတ်တရ မှတ်တမ်း တင်ဓါတ်ပုံရိုက်ကူးကာ အဆင့်မြင့်ငါးဈေးသစ်အတွင်းသို့ လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)