မကွေးမြို့ပေါ်ရှိ စက်သုံးဆီဆိုင်များတွင် ဆီသိုလှောင်ထားရှိမှု၊ အခြင်အတွယ်၊ ရောင်းဝယ်မှုနှင့် စျေးနှုန်းများ မှန်ကန်မှုရှိစေရေး ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

           မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့ပေါ်ရှိ စက်သုံးဆီများအား ဆီသိုလှောင်ထားရှိမှု အခြေအနေများ၊ အခြင်အတွယ်ရောင်းဝယ်မှုနှင့် စျေးနှုန်းများ မှန်ကန်မှုရှိစေရေး၊  အရည်အသွေးပြည့်ဝစေရေးတို့အတွက် မကွေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စက်သုံးဆီဆိုင်များ ကြီးကြပ်မှုကော်မတီ၊ မီးသတ်တပ်ဖွဲ့နှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဦးမျိုးဝင်း(ဒု-ခရိုင်ဦးစီးမှူး)တို့သည် (၉.၆.၂၀၂၂)ရက်နေ့ (၁၅:၀၀)မှ (၁၇:၀၀)နာရီထိ မင်းထက်ကြွယ်၊ ဆယ်စုသစ်၊ Five Star ၊ ဖိုးရာဇာ၊ Denko  နှင့် Regency  စက်သုံးဆီဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

            ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စက်သုံးဆီဆိုင်များမှ စက်သုံးဆီသိုလှောင်ကန်များအား သတ်မှတ်ထားသည့် လမ်းညွှန်ချက်များအတိုင်း ဆောင်ရွက်ထားရှိမှု ရှိ/မရှိ၊ ဆီသိုလှောင်ကန်များတွင် စက်သုံးဆီများ သိုလှောင်ထားရှိမှုအခြေအနေများ၊ စက်သုံးဆီရောင်းဝယ်ရာတွင် အခြင်အတွယ်၊ အရည်အသွေး၊ စျေးနှုန်း မှန်ကန်မှုရှိစေရေး၊ စက်သုံးဆီများအား သိုလှောင်ကန်များတွင် ထားရှိပြီး စျေးနှုန်းကစားမှုမရှိစေရေးနှင့် ပြည်သူများ၏ လိုအပ်ချက်အတိုင်း စနစ်တကျရောင်းဝယ်ပေးရေးတို့အား ရှင်းလင်းပြောကြားခဲ့ရာ စက်သုံးဆီဆိုင်များမှ ဆိုင်ကယ်တစ်စီးလျှင်(၃၀၀ဝိ/-)ဖိုးနှင့် ကားတစ်စီးလျှင် (၁၀၀၀ဝိ/- ၊ ၁၅၀၀ဝိ/-) ကျပ်ဖိုးအထိ စနစ်တကျရောင်းချကြောင်း သိရှိရပါသည်။

DOCA(မကွေး)