နမ့်စန်မြို့ပေါ်ရှိဆန်အရောင်းဆိုင်များအားကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် နမ့်စန်မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ (၇.၃.၂၀၂၅)ရက်နေ့၊ နံနက် (၁၁:၀၀)နာရီ အချိန်တွင် နမ့်စန်မြို့မဈေးအတွင်းရှိ ဆန်အရောင်းဆိုင်များသို့သွားရောက်၍ ဆန်ရောင်းချဖြန့်ဖြူး နေမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် နမ့်စန်မြို့မဈေးအတွင်းရှိ ဆန်အရောင်းဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချဖြန့်ဖြူးခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆန်များကိုသိုလှောင်ခြင်း မပြုရန်နှင့် အခြေခံစားသောက်ကုန်များ ဈေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ/မရှိအား ကြပ်မတ်စစ်ဆေး လျက်ရှိရာ ဆန်ဆိုင်များမှ သက်ဆိုင်ရာဌာနတို့၏ လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်ရန် ဆွေးနွေးခဲ့ပါသည်။

          ဆန်ဆိုင်များမှရောင်းချလျှက်ရှိသော ဆန်များမှာ ရွှေဘိုပေါ်ဆန်း‌မွှေး၊ မနောသုခ၊ မဂျမ်းတောနှင့် မိုးနဲဒေသထွက်ဆန်များကို ရောင်းချလျှက်ရှိကြောင်းစစ်ဆေးတွေ့ရှိရပါသည်။ ထို့ပြင် ဆန်ဈေးနှုန်း ယခင်အပတ်ဈေး၊ ယခုအပတ်ဈေးနှုန်းများကို မေးမြန်းခဲ့ပြီး ဆန်လက်ကျန် ဆန်အိတ်အရေအတွက် များစွာမရှိပဲ ဈေးနှုန်းတည်ငြိမ်ပြီး ပုံမှန်လည်ပတ်၍ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ 

DOCA(ရှမ်း)