ရပ်ကွက်ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း

Powered by Drupal

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်တွင် ခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ ဈေးကွက်အတွင်းရောင်းချနေသော လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများတွင် သက်ဆိုင်ရာဌာနမှ စားသုံးရန်နှင့်သုံးစွဲရန်မသင့်သော ကုန်စည်များ နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းမရှိသောကုန်စည်များ၊ လုံခြုံစိတ်ချရမှုမရှိသော ကုန်စည်များရောင်းချမှုမရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို မတ်လ(၁၈) ရက်နေ့၊ နံနက် (၁၃:၀၀ )နာရီတွင် မြင်းခြံမြို့၊ အမှတ်(၁) ရပ်ကွက်ကုန်စုံဆိုင်များသို့ မြေပြင်ကွင်းဆင်းစစ်ဆေးမှုများဆောင်ရွက်ခဲ့ကြပါသည်။

          ကွင်းဆင်းဆောင်ရွက်မှုတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူး ဦးတင်ဇော်ထွေး နှင့်ဝန်ထမ်းများသည် ဈေးဆိုင်များတွင် ရောင်းချနေသောကုန်စည်များတွင် စားသုံးသူကာကွယ်ရေး ဥပဒေအခန်း (၁၈) ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင် များ လိုက်နာရမည့် ကုန်စည်အမျိုးအစားအလိုက် ကုန်စည်၏ တံဆိပ်အမှတ်အသား၊ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ထုတ်လုပ်သည့်ရက်စွဲနှင့် ကုန်ဆုံးသည့်ရက်စွဲ၊ ကုန်ကြမ်းပစ္စည်းအမျိုးအမည်နှင့်ပါဝင်မှုနှုန်း အချိုး အစား၊ ထုတ်လုပ်သည့်အမှတ်စဉ်၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး(သို့) ဓာတ်မတည့် ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်၊ သက်ဆိုင်ရာဌာနများမှ ဖော်ပြရန်သတ်မှတ် ထားသော အချက်များကိုက်ညီမှုရှိ/ မရှိ စစ်ဆေးကြပြီး စီးပွားရေးလုပ်ငန်းရှင်များအား တရားမဝင် ကုန်ပစ္စည်းများနှင့် သက်တမ်းလွန်ကုန်ပစ္စည်းများ မရောင်းချရန်၊ သက်ဆိုင်ရာဌာနထောက်ခံချက် နှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်စွာ ဖော်ပြထားသော ကုန်စည်များကိုသာ ဆက်လက် ဖြန့်ဖြူးရောင်းချရန် ရှင်းလင်းမှာကြား၍ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ ကြောင်း သိရသည်။    

DOCA(မန္တလေး)