စားသုံးသူရေးရာဦးစီးဌာန၊ ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် Pacific Co.,Ltd မှ ဝန်ထမ်းများနှင့်ပူးပေါင်း၍ (၁၃-၆-၂၀၂၂)ရက်နေ့ နံနက် (၁၀:၀၀)ခန့်အချိန်တွင် ကျောက်ဖြူခရိုင် ကျောက်ဖြူမြို့ မြို့မဈေးကြီးရှိ ဈေးဆိုင်များသို့ သွားရောက်၍ အလေးချိန်လျော့နည်းသော PARIS ဆပ်ပြာခဲများ ပြန်လည်သိမ်းဆည်း လဲလှယ်ပေးခြင်းဆောင်ရွက်ခဲ့ပါသည်။
ထိုကဲ့သို့ဆောင်ရွက်ရာတွင် ကျောက်ဖြူမြို့မဈေးကွက်အတွင်း/အပြင်ရှိ ဈေးဆိုင်(၁၁)၌ ဆိုင်တင်ရောင်းချနေသောသတ်မှတ်အလေးချိန်မပြည့်မီသော PARIS ဆပ်ပြာခဲများအား ပြန်လည် သိမ်းဆည်းပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြချက်ပါ အသားတင်အလေးချိန်နှင့်ကိုက်ညီသည့် PARIS ဆပ်ပြာခဲများဖြင့် အစားထိုးလဲလှယ်ခြင်းကို ဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိပါသည်။
DOCA(ရခိုင်)