
ရက်စွဲ၊ ၂၀.၃.၂၀၂၅
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ် တာဝန်ခံ ရုံးအနေဖြင့် ထုတ်ကုန်မျးလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များတွင် ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံစွာ ထည့်သွင်းဖော်ပြထားခြင်း ရှိ/မရှိ၊ စားသုံးသူများနေ့စဉ် အသုံးပြုလျက်ရှိသော ကုန်စည်နှင့် ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရ မှုရှိစေရေး၊ ကုန်စည်များကို သတ်မှတ် စံချိန်စံညွှန်းများ၊ ညွှန်ကြား ချက်များနှင့် ကိုက်ညီမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။ ဈေးကွက် စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ရာတွင် မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ သော်လည်းကောင်း၊ စားသုံး သူကာကွယ်ရေးဥပဒေအရ ခန့်အပ်ထားသော စစ်ဆေးရေးအရာရှိများက ဦးဆောင်၍ သော်လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။
ကျွန်းလှမြို့နယ်တာဝန်ခံရုံးအနေဖြင့် မတ်လအတွင်း ဈေးကွက်စောင့် ကြည့်စစ်ဆေးခြင်း (၆)ကြိမ် ဆောင်ရွက်ခဲ့ရာ ၂၀၂၅ ခုနှစ်၊ မတ်လ (၅)ရက်နေ့ နံနက် (၀၉း၃၀)နာရီ အချိန်တွင် ကျွန်းလှမြို့၊ သစ်ရာမြိုင်ရပ် ကွက်အတွင်းရှိ “အောင်ချမ်းမြေ့” ကုန်မျိုးစုံ ရောင်းဝယ်ရေးသို့ လည်းကောင်း၊ မတ်လ(၆) ရက်နေ့ နံနက် (၀၈း၀၀) နာရီ အချိန်တွင် ကျွန်းလှမြို့ သစ်ရာမြိုင်ရပ်ကွက် အတွင်းရှိ ကလေးကစားစရာအရုပ်နှင့် ပစ္စည်းအမျိုးမျိုးရောင်းချသည့် ဆိုင် များ၊ မတ်လ(၁၇)ရက်နေ့၊ နံနက်(၀၈း၃၀)နာရီ အချိန်တွင် ကျွန်လှမြို့၊ သစ်ရာမြိုင်ရပ်ကွက်ရှိ “လင်းရောင်ဝင်း” စက်သုံးဆီ အရောင်းဆိုင်၊ မတ်လ ၁၈ ရက်၊ နံနက် (၀၈:၃၀)နာရီအချိန်တွင် ကျွန်းလှမြို့ပေါ်ရပ်ကွက်(၃)ရပ်ကွက်ရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသည့် ဆေးလိပ်အမျိုးမျိုး နှင့် ကွမ်းစားဆေးအမျိုးမျိုးရောင်းချသည့်ဆိုင်များ၊ “MO”သောက်ရေသန့်စက်ရုံသို့ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများကို ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးခြင်းနှင့် မတ်လ (၁၉)ရက်နေ့ နံနက် (၀၈း၃၀)နာရီ အချိန်တွင် ကျွန်းလှမြို့၊ ပိတောက်မြိုင် ရပ်ကွက်အတွင်းရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော အသင့်သောက် အချိုရည် အမျိုးမျိုးနှင့် အခြား ကုန်ပစ္စည်းများအား အဖွဲ့စုံဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ရာ ကျွန်းလှမြို့ ပေါ် ရပ်ကွက်များ အတွင်းရှိ စက်သုံးဆီဆိုင်များတွင် စက်သုံးဆီ ဈေးနှုန်းများ မြှင့်တင် ရောင်းချခြင်း မပြုရန် စက်သုံးဆီ တင်သွင်း ဖြန့်ဖြူး ရောင်းချနေမှု အခြေအနေ၊ စက်သုံးဆီ ပြတ်လတ်မှု ရှိ/မရှိ၊ (PPRD) စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူး ခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ နေ့စဉ်သတ်မှတ် ထုတ်ပြန်ထားသော စက်သုံးဆီ ရည်ညွှန်း ဈေးနှုန်း အတိုင်း ရောင်းချမှု ရှိ/ မရှိ၊ အချိန် အတွယ် နှင့် အလေးချိန် မှန်ကန်မှု ရှိ/မရှိ စစ်ဆေးခဲ့ပြီး၊ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များတွင် ရောင်းချနေသော ကုန်ပစ္စည်းများတွင် ကုန်အညွှန်း အမှတ်အသား ဖော်ပြ ခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) နှင့် အညီ ကုန်စည်အုပ်စုအလိုက် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြရမည့် အသေးစိတ် စိစစ်ချက်များအတိုင်း ပြည့်စုံစွာထည့်သွင် ဖော်ပြထားခြင်း ရှိ/မရှိ နှင့် သက်တမ်းလွန် ကုန်စည်များ ရောင်းချနေခြင်း ရှိ/မရှိ နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာ ဆောင်ရွက် ရမည့် တာဝန်များ အကြောင်း၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံသော၊ သက်ဆိုင်ရာ ဌာန၏ ထောက်ခံချက် ပါရှိသော ကုန်စည် များကိုသာ ရောင်းချရန် လိုအပ်ကြောင်းအသိပညာပေး ဆွေးနွေးခဲ့ပြီး သောက်ရေသန့် စက်ရုံလုပ်ငန်းတွင် မိမိတို့စက်ရုံမှ ထုတ်လုပ်ဖြန့်ဖြူးသည့် ကုန်စည်အမျိုး အစား၊ အမှတ်တံဆိပ်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင် ကိုက်ညီမှု ရှိ/မရှိ အခြေအနေ တို့ကို စစ်ဆေးရာတွင် မိမိတို့ စားသုံးသူရေးရာဦးစီးဌာနအတွင် ကုန်အညွှန်းအမှတ်အသား လျှောက်ထားသည့် (၀.၆ လီတာ)၊ (၁ လီတာ)နှင့်(၂၀ လီတာ)ဘူးများပေါ်တွင် ကုန်အညွှန်း အမှတ်အသားများကို မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေး ကော်မရှင်၏(၂/၂၀၁၉)ပါ ကုန်အညွှန်း အမှတ်အသား သတ်မှတ်ထားသည့် သတ်မှတ် ချက်များနှင့်အညီ အသေးစိတ် စိစစ်ချက်များအတိုင်း မြန်မာဘာသာဖြင့် ပြည့်စုံစွာ ဖော်ပြထားသည်ကို စိစစ် တွေ့ရှိခဲ့ရပြီး ဌာနဥပဒေနှင့် ညွန်ကြား ချက်များ ပါရှိသော လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)