စာသင်ကျောင်း အသိပညာပေး ဟောပြောပွဲပြုလုပ်

Powered by Drupal

          ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာနလားရှိုးခရိုင်၊ သိန္နီမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ (၁၀.၆.၂၀၂၂) ရက်နေ့ နံနက်(၈)နာရီအချိန်၌ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှတာဝန်ရှိသူမှ မူးယစ်ဆေးဝါးအန္တရာယ်အသိညာပေးခြင်းနှင့် စားသုံးသူရေးရာဦးစီးဌာနမှတာဝန်ရှိသူမှ စားသုံးအခွင့်အရေး(၈)ချက်နှင့် မြန်မာစာကုန်အညွှန်း အမှတ်အသားပြည့်စုံစွာပါရှိသော ကုန်စည်များကိုနမူနာပုံစံပြသကာ ထိုကဲ့သို့သော ကုန်စည်နှင့် စားသောက်ကုန်များကို အဓိကထားအသုံးပြုစားသောက်သင့်ကြောင်းကို ဆရာ/ဆရာမ (၁၆)ဦး၊ ကျောင်းသား(၇၇၈)ဦး စုစုပေါင်း(၇၆၂)ဦးအား အသိပညာပေး ဆွေးနွေးဟောပြောခဲ့ကြကြောင်း သိရှိရပါသည်။

          ၎င်းနောက် ကျောင်းတွင်းရှိမုန့်ဈေးဆိုင်တန်များသို့ သွားရောက်ကာ ဈေးသည်များရောင်းချ နေသောမုန့်မျိုးစုံများနှင့် အချိုရည်များတွင် ကျန်းမာရေးနှင့်ညီညွှတ်၍ မြန်မာစာကုန်အညွှန်း အမှတ်အသား ပြည့်စုံစွာပါမပါ ကွင်းဆင်းစစ်ဆေးပြီး ကျန်းမာရေးနှင့်ညီညွတ်ပြီး မြန်မာစာကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါဝင်သော အစားအသောက်များကိုသာ ရောင်းချသင့်ကြောင်း အသိပညာပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)