
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင် ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူများအသုံးပြုလျက်ရှိသည့် ကုန်စည်နှင့် ဝန်ဆောင်မှုများ ဘေးအန္တ ရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများကို လစဉ်ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။
၂၀၂၅ ခုနှစ် မတ်လအတွင်း စားသုံးသူရေးရာဦးစီးဌာနမှဦးဆောင်ကာ မိတ်ဖက်ဌာန များနှင့်ပူးပေါင်း၍ ပြည်ပမှတင်သွင်းသော ကုန်စည်များကိုသာမက ပြည်တွင်း၌ထုတ်လုပ်သောကုန် စည်များနှင့်စပ်လျဉ်း၍ ဈေးကွက်မရောက်မီ သို့မဟုတ် ဈေးကွက်ရောက်ပြီး ကုန်စည်များ၏ဘေး အန္တရာယ်ရှိ/မရှိစစ်ဆေးခြင်းနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့်အချက်များ ပါဝင်မှုရှိ/မရှိ စစ်ဆေးခြင်းကို ကန့်ဘလူမြို့နယ်အနေဖြင့် ကန့်ဘလူမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ ကုန်စုံဆိုင်များနှင့် ကန့်ဘလူမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ကုန်စုံဆိုင်များအားလည်းကောင်း ဈေးကွက်စောင့်ကြည့်စစ် ဆေးခြင်းစသည်ဖြင့် စုစုပေါင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း(၂)ကြိမ်၊ ကျွန်းလှမြို့နယ် အနေဖြင့် ကျွန်းလှမြို့၊ သစ်ရာမြိုင်ရပ်ကွက်ရှိ ကုန်စုံဆိုင်များ နှင့် ကျွန်းလှမြို့ ၊ ပိတောက်မြိုင်ရပ် ကွက်ရှိကုန်မျိုးစုံဆိုင်များအားလည်းကောင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း(၂)ကြိမ်၊ ကန့်ဘလူ မြို့၊ အမှတ်(၅)ရပ်ကွက်ရှိ စက်သုံးဆီအရောင်းဆိုင်အား အထူးဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း (၁)ကြိမ်နှင့် ကျွန်းလှမြို့ ၊ သစ်ရာမြိုင်ရပ်ကွက်ရှိ စက်သုံးဆီဆိုင်အား အထူးဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း (၁)ကြိမ်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာဘာသာ ဖြင့်ကုန်အညွှန်းအမှတ်အသားများကို ပြည့်စုံစွာဖော်ပြထားသည့် ကုန်စည်များကိုသာ ဖြန့်ဖြူး ရောင်းချရန်၊ သက်ဆိုင်ရာဌာနများမှ စားသုံးရန်မသင့်ထုတ်ပြန်ထားသည့်ကုန်စည်များ၊ စံမညီဆေး ဝါးများ စသည်တို့ကိုရောင်းချခြင်းမပြုရန် အသိပညာပေးပြောကြားခဲ့ပြီး မြန်မာနိုင်ငံ စားသုံးသူကာ ကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါလက်ကမ်းစာစောင်များ ဖြန့်ဝေပေး ခဲ့ကြောင်းသိရသည်။
DOCA(စစ်ကိုင်း)