ရှမ်းပြည်နယ်(တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးမှူးနှင့် ဝန်ထမ်းများသည် ၂၀၂၂ ခုနှစ် ဇွန်လ ၁၄ ရက်နေ့ နံနက် (၁၀:၃၀) နာရီ အချိန်တွင် တောင်ကြီးမြို့ပေါ်ရှိ စားသောက်ကုန် ပစ္စည်းအရောင်းဆိုင်များနှင့် အခြားလူသုံးကုန်ပစ္စည်းအရောင်းဆိုင်များသို့ ကွင်းဆင်း၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ အရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးရာတွင် Yum Yum ခေါက်ဆွဲခြောက်နှင့် Morning Sunshine Spicy Gluten ပေါ်တွင် မြန်မာဘာသာစာသားများ ဖော်ပြခြင်းမရှိဘဲ ကုန်အညွန်းအမှတ်အသား ဖော်ပြထားရာ၌ Yum Yum ခေါက်ဆွဲခြောက်ပေါ်တွင် ထိုင်းဘာသာစာသားဖြင့်လည်ကောင်း Morning Sunshine Spicy Gluten ပေါ်တွင် တရုတ်ဘာသာစာသားဖြင့်လည်ကောင်း ဖော်ပြထားသည်ကို စစ်ဆေး တွေ့ရှိသဖြင့် စားသုံးသူကာကွယ်ရေးဥပဒေ ပုဒ်မ (၄၁)၊ (၄၃) နှင့် ကိုက်ညီမှုမရှိသည့်အတွက် ၎င်းကုန်စည်များအား ဆက်လက်ရောင်းချခြင်းမပြုရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းဆိုင်ရာ သတ်မှတ်ချက်နှင့် ကိုက်ညီသည့် ကုန်ပစ္စည်းများကိုသာ ရောင်းချရေးတို့ကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရှမ်း)