ဈေးကွက်မရောက်မီ ကုန်အညွှန်းအမှတ်အသားများအား ဖော်ပြရာတွင် မှန်/မမှန် ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန ၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ဦးစီးမှူး၏လမ်းညွှန်မှုဖြင့်  မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ် မတ်လ ၁၉ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် ပျော်ဘွယ်မြို့နယ်အတွင်း ရွှေပြည်ရန် အောင်ရပ်ကွက်ရှိ ပဒေသာမုန့်လုပ်ငန်းနှင့် နယ်မြေ (၅)၊  မြို့မရပ်ကွက်ရှိ SSS မုန့်လုပ်ငန်း လုပ်ကိုင်ရာတွင် ကုန်အညွှန်းအမှတ်အသားများဖော်ပြခြင်းနှင့် ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချရာ တွင် ကုန်အညွှန်းအမှတ်အသားများ ကိုက်ညီမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီး ဌာနမှ ဝန်ထမ်းများ၊ စစ်ဆေးရာတွင် ပူးပေါင်းပါဝင်ခဲ့သည့် ဌာနများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအား ပစ္စည်းများ၏ ထုတ်ပိုးမှုအပြင်အဆင်ပေါ်တွင် စားသုံးသူကာကွယ်ရေး ဥပဒေပါ အခန်း (၁၈) ၌ ပါရှိသည့် ကုန်အညွှန်းအမှတ်အသားများ ပြည်စုံစွာပါ ရှိစေရန်နှင့် ထုပ်ပိုးသည့် ကုန်ပစ္စည်းများအား သန့်ရှင်းသပ်ရပ်စေရန်နှင့် ဈေးကွက်အတွင်းတင်ပို့ရောင်းချရာတွင် ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံစွာပါရှိသည့် ပစ္စည်းများကို ရောင်းချပါရန် အသိပညာပေးဟောပြောခဲ့ပါ သည်။

DOCA(မန္တလေး)