ဆန်များသင့်တင့်မျှတသော ဈေးနှုန်းများဖြင့် ရောင်းချနိုင်ရေး ကွင်းဆင်းဆောင်ရွက်ခြင်း

Powered by Drupal

မြင်းခြံခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် (၁၉-၃-၂၀၂၅) ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဆန်လက်လီ/လက်ကားအရောင်းဆိုင်များသို့ ဆန်များရောင်းဝယ်ရာတွင် သင့်တင့်မျှတသော ဈေးနှုန်းဖြင့်ရောင်းချနိုင်ရေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

          ထိုသို့ဆန်လက်လီလက်ကားအရောင်းဆိုင်မျာသို့ ကွင်းဆင်းရာတွင် ဆန်ဆိုင်များ၌ ရောင်း ချနေသော ဆန်အမျိုးအစားများမှာ ရွှေဘိုပေါ်ဆန်း၊ မဂျမ်းတော၊ ဧရာမင်း၊ ဖန်သီးသုခနှင့်မနော သုခဆန်များ ရောင်းချနေကြောင်းတွေ့ရှိရသည်။ မြင်းခြံခရိုင်အတွင်းဆန်ဝင်ရောက်မှုအနေဖြင့် ရွှေဘိုမြို့၊ ကုန်းဇောင်း၊ ပုသိမ်မြို့၊ မြောင်းမြမြို့များမှဝယ်ယူပြီး ဒေသတွင်းမြို့နယ်များသို့ ဖြန့်ဖြူး ရောင်းချကြောင်း၊ ဆန်ရောင်းချသူတစ်ဦး၏ ပြောပြချက်အရသိရှိရသည်။ ဆန်အရောင်း ဆိုင်များ အား ဆန်ဈေးနှုန်းတည်ငြိမ်စေရေး၊ ဈေးနှုန်းကြီးမြင့်မှုမဖြစ်ပေါ်စေရေး၊ ဈေးနှုန်းမြင့်တက်စေရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ရောင်းချခြင်းမပြုလုပ်ရန်၊ လစဉ်သတ်မှတ်ထုတ်ပြန်ထားသော သင့်တင့် မျှတသော ဈေးကွက်ဈေးနှုန်း(Reasonable Market Price)ထုတ်ပြန်ချက်များအတိုင်း ရောင်းချသွား ရန်၊ ဆန်တန်ချိန် (၂၅) တန်အိတ်(၅၀၀)နှင့်စပါးတင်း (၂၅၀၀) သိုလှောင်ပါက မှတ်ပုံတင်ထားရန် နှင့် သက်တမ်းပြည့်ပါက ဆက်လက်သက်တမ်းတိုးဆောင်ရွက်သွားရန်၊ ရောင်းချသောဆန်များအား အများပြည်သူမြင်သာအောင် ဗွီနိုင်းများကပ်ရောင်းချသွားရန် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

DOCA(မန္တလေး)