မြင်းခြံခရိုင်ဦးစီးမှူးရုံးတွင် Thursday Talk ဆောင်ရွက်

Powered by Drupal

အသိပညာဗဟုသုတများ၊ အတွေ့အကြုံများ၊ လုပ်ငန်းသဘောတရားများကို တစ်ဦးနှင့်တစ်ဦး ပေါင်းစပ်ဖလှယ်ဖြန့်ဝေခြင်းဖြင့် လုပ်ငန်းခွင်များတွင် အထောက်အကူရရှိစေရေး၊ စွမ်းဆောင်ရည် များတိုးတက်ကောင်းမွန်လာစေရေး၊ အသိပညာဗဟုသုတများ ရရှိစေရေးတို့အတွက် ရည်ရွယ်ကာ အသိပညာပေး Thursday Talk ဟောပြောဆွေးနွေးပွဲအား ၂၀၂၅ ခုနှစ်၊ မတ်လ(၂၀)ရက်နေ့၊ နံနက် ၁၀:၃၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

          အဆိုပါဟောပြောဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးရှိ ဦးဝင်းထွန်းဦး (ဦးစီးမှူး)က Public Speaking အကြောင်းသိကောင်းစရာများခေါင်းစဉ်ဖြင့်  အသိ ပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်။ ဟောပြောဆွေးနွေးမှု၌ မိမိတို့ဌာနရှိ ဝန်ထမ်းများအနေဖြင့် အများပြည်သူသို့ အသိပညာပေးဟောပြောဆွေးနွေးမှုများအား စဉ်ဆက်မပြတ်ဆောင်ရွက်နေရ သည့်အတွက် မိမိပြောဆိုဆွေးနွေးမည့်အကြောင်းအရာများအား ကျွမ်းကျင်ပိုင်နိုင်ဖို့လိုအပ်ပါ ကြောင်း၊ ဟောပြောခြင်း၏အခြေခံဖွဲ့စည်းမှု၊ ဟောပြောပုံဟောပြောနည်းများ၊ ဟောပြောဆွေးနွေး ရာတွင် ရှောင်ကျဉ်ရမည့်အပြောအဆိုအသုံးအနှုန်းများ၊ ကိုယ်ဟန်အမူအရာများ၊ သတိလက်လွတ် ပြုလုပ်တတ်သည့်အမှားများ၊ အသုံးများသည့် Persentation အမျိုးအစားများအား ရှင်းလင်းဟော ပြောဆွေးနွေးခဲ့ပါကြောင်းနှင့် အဆိုပါ Thursday Talk ဟောပြောဆွေးနွေးပွဲသို့ Online ဖြင့် မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှဝန်ထမ်းများ၊ ကျောက်ဆည်ခရိုင်နှင့်မိတ္ထီလာခရိုင်မှ ဝန်ထမ်းများ လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

DOCA(မန္တလေး)