ရေပေါ်ဆန်းဆန် ဈေးကွက်ဈေးနှုန်းတည်ငြိမ်စေရေး စီးဝင်/စီးထွက်မှန်ကန်မှုရှိစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

Powered by Drupal

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူး ရုံးအနေဖြင့် ပြည်တွင်းဒေသထွက် စားသုံးဆန်များအား သင့်တင့်မျှတသောဈေးနှုန်းဖြင့်ရောင်းချရေး မိမိတို့ဦးစီးဌာနက လစဉ်ထုတ်ပြန်ပေးလျက်ရှိသည့် ဆန်အမျိုးအစားအလိုက် ရည်ညွှန်းဈေးနှုန်းများ၊ စည်းကမ်းချက်များနှင့်အညီရောင်းချရန်၊ ဈေးနှုန်းပိုမြှင့်တင်ရောင်းချခြင်း၊ အရည်အသွေးမမှန်မကန် ရောင်းချခြင်း၊ လိုက်နာဆောင်ရွက်မှုမရှိခြင်းတို့အပေါ် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ-၅ အရတရားစွဲဆိုခြင်း၊ ဒဏ်ငွေနှင့်အခွန်ငွေ သတ်မှတ်ပေးဆောင်စေခြင်း စသည့်ထိရောက်စွာ အရေးယူမှု များပြုလုပ်နေသောကြောင့် ဆန်စက်များ၊ ဆန်အရောင်းဆိုင်များ၊ ကုန်သည်များနှင့် ဆန်လုပ်ငန်းရှင်များ အား သိရှိလိုက်နာဆောင်ရွက်နိုင်စေရန် ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။

(၂၁.၃.၂၀၂၅)ရက်နေ့ နံနက်(၀၉:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဦးဆောင်၍ Virtual စနစ်ဖြင့်ကျင်းပသည့် ပြည်တွင်းစားဆန်ဖြစ်သည့် ပေါ်ဆန်းဆန်ဈေးကွက်၊ ဈေးနှုန်းတည်ငြိမ်စေရေး စီးဝင်/စီးထွက် မှန်ကန်မှုရှိစေရေးတို့နှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ရွှေဘိုမြို့ စက်မှုဇုန်စီမံခန့်ခွဲမှုကော်မတီရုံး အစည်းအဝေးခန်းမတွင် ရွှေဘို့ မြို့ရှိ ဆန်စက်လုပ်ငန်းရှင်၊ ဆန်ရွေးစက်လုပ်ငန်းရှင်၊ ဆန်ကုန်သည်လုပ်ငန်းရှင်(၄၅)ဦးနှင့် ရွှေဘိုခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၂)ဦးတို့တက်ရောက်ခဲ့ကြကြောင်း၊ အစည်းအဝေးလမ်းညွှန်ချက်များအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့သို့ တင်ပြလမ်းညွှန်မှုခံယူပြီး လုပ်ငန်းရှင်များအား ဆက်လက်ဆွေးနွေးခြင်းများ ဆောင်ရွက်သွားမည်ဖြစ် ကြောင်းသတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)