
၂၀၂၅ ခုနှစ်၊ မတ်လ ၂၁ ရက် နံနက် ၀၉:၃၀ အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်း တိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော် အကြီးတန်းစာရေး တို့သည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့မရဲစခန်းတို့နှင့်ပူးပေါင်း၍ ကန့်ဘလူမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်း၍ စက်သုံးဆီရောက်ရှိမှု၊ အချိန် အတွယ်မှန်ကန်မှုရှိ/မရှိ၊ ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/မရှိနှင့် စက်သုံးဆီလက်ကျန်တို့အား အထူး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် တာဝန်ခံဦးမျိုးဝင်းသန်းက စက်သုံးဆီဆိုင်များအနေဖြင့် တရားမဝင်စက်သုံးဆီများ ရောင်းချခြင်းမပြုလုပ်ရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုလုပ်ရန်နှင့် စက်သုံးဆီများလွယ်ကူစွာ ဝယ်ယူသုံးစွဲနိုင်စေရန်အတွက် စက်သုံးဆီဆိုင်များကို ပုံမှန်ဖွင့်လှစ်ရောင်း ချပေးရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
DOCA(စစ်ကိုင်း)