ကန့်ဘလူမြို့မဈေးရှိ ကလေးကစားစရာပစ္စည်းအရောင်းဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

      ၂၀၂၅ ခုနှစ်၊ မတ်လ ၂၁ ရက် နံနက် ၁၀:၀၀ အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တာဝန်ခံဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန် ကျော် အကြီးတန်းစာရေးတို့သည့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ ကန့်ဘလူမြို့မဈေးရှိ ကလေးကစားစရာအရုပ်နှင့်ပစ္စည်းအမျိုးမျိုး အရောင်းဆိုင်အား ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

စားသုံးသူပြည်သူများအတွက် ကုန်စည်နှင့်ဝန်ဆောင်မှုများအသုံးပြုရာတွင် ဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် ဆောင်ရွက်လျက်ရှိရာ ကန့်ဘလူမြို့မဈေးရှိ  ကလေးကစားစရာအရုပ်နှင့် ပစ္စည်းအမျိုးမျိုးအရောင်းဆိုင်များတွင် ကုန်အညွှန်းအမှတ်အသားနှင့်ပြည့်စုံမှုမရှိသော ကုန်စည်များ ရောင်းချနေခြင်းရှိ/မရှိ စစ်ဆေးခဲ့ကြပြီး လုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေး လုပ်ငန်းရှင်၏တာဝန်များနှင့် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိသော ကလေးကစားစရာအရုပ်နှင့်ပစ္စည်းမျိုးမျိုးအား ရောင်းချခြင်းမပြုရန်ပြောကြားခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)