ဈေးကွက်မရောက်မီကုန်စည်များ ထုတ်လုပ်ရောင်းချသော အိမ်တွင်းလက်မှုထုတ်ကုန် အမွေးဆီနှင့် ခေါင်းလျှော်ရည်၊ ဆပ်ပြာအမျိုးမျိုး ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေး ကွင်းဆင်းစစ်ဆေး

Powered by Drupal

          မအူပင်ခရိုင်ဦးစီးမှူးရုံး၊ မှ ဒေါ်ခိုင်ခိုင်လင်း ဒု-ဦးစီးမှူးနှင့် ဝန်ထမ်းများ ၊ အသေားစားစက်မှုလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ မအူပင်မြို့ ၇လမ်းရှိ ခိုင်စံပါယ် အိမ်တွင်းလက်မှု လုပ်ငန်းထုတ်ကုန်ဖြစ်သော ခေါင်းလျှော်ရည်၊ အမွှေးဆီနှင့်၊ ဆပ်ပြာအမျိုးမျိုးထုတ်လုပ်သော လုပ်ငန်းသို့ သွားရောက်၍စားသောက်ကုန်နဲ့ လူသုံးကုန်ပစ္စည်းများကို ဒေသအလိုက် ထုတ်လုပ်ရောင်းချသုံးစွဲနိုင်ဖို့ လွန်စွာအရေးကြီးပါတယ်။ နိုင်ငံတကာက တင်သွင်းနေရတာတွေ လျှော့ချသင့်ပြီး ပြည်တွင်း ထုတ် လုပ်မှုကို တိုးမြှင့်သင့်ပါတယ်။ ဥပမာ- ဆပ်ပြာ/ ခေါင်းလျှော်ရည်ဆိုပါစို့၊ ဝယ်သုံးရတဲ့စရိတ် နည်းတာ မဟုတ်ဘူး။ ဒေသမှာပဲ ထုတ်လုပ်ရသမျှ ဈေးနှုန်းချိုသာစွာရောင်း၊ အနည်းဆုံး အိမ်ရဲ့ လိုအပ်ချက် အဖြစ် နေ့စဉ်သုံးရတာမို့ ဝယ်မသုံးရရင် ထွက်ငွေတော့ လျှော့ချနိုင်မှာဖြစ်ပါတယ်။ စားသောက်ကုန် လုပ်ငန်းတွေလည်း ဒီအတိုင်းပဲဖြစ်ပါတယ်။ Packaging ထုတ်ပိုးမှုပုံစံ ကောင်းကောင်းနဲ့ ပတ်ဝန်းကျင်နိုင်ငံတွေက သွင်းကြပါတယ်။ တစ်ချို့စားသောက်ကုန်များဆိုရင် အန္တရာယ်အလွန်ရှိတာ တွေ့ရပါတယ်။ ကျွန်တော်တို့နိုင်ငံအတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်နေတာမို့ ကုန်ကြမ်း အလွယ်တကူရှိပြီး သန့်ရှင်းလတ်ဆတ်အန္တရာယ်ကင်းတဲ့ စားသောက်ကုန်တွေ များများထုတ်ပြီး ပြည်ပတင်သွင်းမှုကို လျော့ချသင့်ပါတယ်။

DOCA(ဧရာဝတီ)