
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်ရှိ မြို့မဈေးအတွင်း (၂၁.၃.၂၀၂၅) ရက်နေ့၊ နံနက် (၀၈:၀၀)နာရီအချိန်တွင် (၆.၃.၂၀၂၅)ရက်နေ့၌ တိုင်းဒေသကြီးအစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဦးဆောင်၍ အစားအသောက်နမူနာကောက်ယူခဲ့သော အစား အသောက်များတွင် သုံးစွဲခွင့်မပြုသော တာရှည်ခံဓာတုပစ္စည်းများ ပါဝင်မှုရှိ/မရှိ စစ်ဆေးခဲ့ပြီး Rhodamine B ပါဝင်သော ပုစွန်ချဉ်များအား ပုသိမ်မြို့နယ် အစားအသောက်နှင့်ဆေးဝါးကြီးကြပ် ကွပ်ကဲရေးကော်မတီနှင့်အတူ ပူးပေါင်းအဖွဲ့ဖြင့် ဈေးကွက်အတွင်းမှ သိမ်းဆည်း၍ ဖျက်ဆီး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)