ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်အတွင်းရှိ အားသာချက်ရှိသည့် ပုသိမ်ထီးထုတ်ကုန်အား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ ဒုခရိုင်ဦးစီး မှူး၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် မြို့နယ်အတွင်းရှိ အားသာချက်ရှိသည့် ပုသိမ်ထီးလုပ်ငန်းအား သွားရောက်ကွင်းဆင်းခဲ့ရာ (၁) လလျှင် ပုသိမ်ထီး အချောင်း (၅၀) မှ (၈၀) ထိ ထုတ်လုပ်နိုင်ပြီး ဈေးနှုန်းအနေဖြင့် ပုသိမ်ထီးစားပွဲတင် ၄ လက်မ တစ်ချောင်းလျှင် (၇၀၀၀) ကျပ်၊ ပုသိမ်ထီး ၁၀ လက်မ တစ်ချောင်းလျှင် (၉၀၀၀) ကျပ်၊ ၁ ပေလျှင် (၁၀၀၀၀) ကျပ် နှင့် အကြီး ၁၄ ပေ လျှင် (၁၁၀၀၀) ကျပ် ဖြစ်ကြောင်း၊  ဖြန့်ချီမှုအနေဖြင့် အမြို့မြို့အနယ်နယ်သို့ ရောင်းချကြောင်းနှင့်  ဈေးနှုန်း ဈေးကွက် အခြေအနေ၊ ထုတ်လုပ်နိုင်မှုအခြေအနေများကို စုံစမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)