ဈေးကွက်မရောက်မီ ပုစွန်ချဉ်များအား ဆိုးဆေးပါဝင်မှုမရှိစေရေး လုပ်ငန်းရှင်နှင့် သွားရောက်တွေ့ဆုံခြင်း

Powered by Drupal

          ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်တာဝန်ခံ ဒေါ်ဟေမာန်ဦး သည် (၂၁.၃.၂၀၂၅) ရက်နေ့၊ နေ့လယ် (၁၂:၀၀)နာရီအချိန်တွင် လှည်းကျော်ကုန်းကျေးရွာရှိ ပုစွန်ချဉ် ရောင်းချသူ ဒေါ်ယုယုလင်း အား သွားရောက်၍ ဈေးကွက်အတွင်း ရောင်းချနေသော ပုစွန်ချဉ်များ၌ အစားအသောက်တွင် သုံးစွဲခွင့်မပြုသော ဆိုးဆေးများ ပါဝင်မှုမရှိစေရေး၊ စားသုံးသူဘေးအန္တရာယ် ကင်းရှင်းစေရေး အဓိကထား ဂရုပြုဆောင်ရွက်ရန်နှင့် စားသုံးသူ ကာကွယ်ရေးဥပဒေအကြောင်း သိကောင်းစရာများအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)