စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနရှိ အစည်းအဝေးခန်းမတွင် အခမ်းနားမှူး သင်တန်းကျင်းပဆောင်ရွက် 

Powered by Drupal

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ၊တိုင်းဒေသကြီးဦးစီးမှုးဦးဆောင်မှုဖြင့် (၁၅.၆.၂၀၂၂) ရက် (၃း၀၀) နာရီတွင် တိုင်းဒေသကြီး၊  စားသုံးသူရေးရာဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ တိုင်းရုံးဝန်ထမ်းများ၊ မုံရွာခရိုင်ရုံးဝန်ထမ်းများကို အခမ်းအနားမှူးတာဝန်ပေးအပ်ရာတွင် ကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက်နိုင်စေရန်အတွက် အခမ်းအနားမှူးသင်တန်းကို  ဖွင့်လှစ်လေ့ကျင့်ဆောင်ရွက်ရာ(၂၅) ဦး တက်ရောက်ခဲ့ပါသည်။

          ယင်းသို့ဆောင်ရွက်ရာတွင် တိုင်းဒေသကြီးဦးစီးမှူးက အဖွင့်အမှာစကားပြောကြားရာတွင် အရာထမ်းအမှုထမ်းဝန်ထမ်းများအနေဖြင့် မိမိတို့ဌာနမှအခမ်းအနားများဖြစ်စေ၊ အခြားဌာနများမှ ကျင်းပဆောင်ရွက်သည့် ပွဲအခမ်းအနားများတွင်ဖြစ်စေ၊ အစည်းအဝေး၊ ဆွေးနွေးပွဲ ၊ သင်တန်းဖွင့်ပွဲ၊ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ၊ကုန်စည်ပြပွဲများတွင် အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ရန်တာဝန်ပေးအပ်ပါက အခမ်းအနားမှူးတာဝန်ကို အောင်မြင်အောင် ဆောင်ရွက်နိုင်ရေး ရည်ရွယ်၍လေ့ကျင့်သင်ကြားပို့ချသည်ဖြစ်ကြောင်း၊ပွဲကျင်းပသည့်ရည်ရွယ်ချက်၊ ဦးတည်ချက်များကို လေ့လာရန်လိုအပ်ကြောင်း၊ဌာနအတွက်သော်လည်းကောင်း၊မိမိအတွက်သော်လည်းကောင်းအကျိုးရှိစေပြီး အတွေ့အကြုံဗဟုသုတများရှိစေခြင်း၊ အခမ်းအနားမှူးတာဝန်အရ ဆောင်ရွက်မည့်သူသည် သတိ နှင့် သတ္တိ"သ"နှစ်လုံးကိုသိရမည် ဖြစ်ကြောင်း၊ စိတ်လှုပ်ရှားမှုမရှိ တည်တည်ငြိမ်ငြိမ်၊ သတ္တိရှိရှိ ပြောဆိုတတ်ခြင်း၊ သတိထား၍စီစဉ်ဆောင်ရွက်နိုင်ခြင်းများ၊ ဝတ်စားဆင်ယင်မှု ကိုယ်နေဟန်ပန်၊ ပွဲစီစဉ်ကျင်းပသူ၏ဆိုလိုရင်း အချိတ်အဆက်မိစေရန် လေယူလေသိမ်း၊ စကားအသုံးအနှုန်းများ သိရှိ နားလည်စေရန်လိုအပ်ကြောင်း ၊မိမိပင်ကိုယ်သံဖြင့် ပီသညီမျှချိုသာသောအသံဖြင့် ပြောဆိုတတ်ရန်လိုကြောင်း၊ အခမ်းအနားကျင်းပပြုလုပ်ရာနေရာ "အတွင်း"နှင့်"အပြင်" အခမ်းအနားကျင်းပ ခြင်း(၂)မျိုးရှိ၍ အပြင်ကျင်းပရာတွင် လိုရင်းတိုရှင်းထိမိစွာ အသုံးပြုနိုင်ရန်၊ အတွင်းအခမ်းအနားပွဲများ ကျင်းပရာတွင် အစီအစဉ်များ ဖတ်ကြားရန်၊ နှုတ်ဆက်အခါတော်ပေးသုံးစွဲပုံ၊ နိဂုံးချုပ်၊ ပွဲပြီးမြောက်ကြောင်း၊ဆု‌ပေးဂုဏ်ပြုချီးမြှင့်ရာ ကြားဖြတ်အစီအစဉ်များဝင်ရောက်လာပါက အခမ်းအနားမှူးအနေဖြင့် သိရှိနားလည်ပြီး ကြေငြာတတ်မှုစသည်ဖြင့် ကျယ်ကျယ်ပြန့်ပြန့်ရှင်လင်းဆွေးနွေး သင်ကြားပို့ချ၍ အခမ်းအနားမှူးအတွေ့အကြုံများကို ဆွေးနွေးအပြီး အခမ်းအနားမှူးသင်တန်း လေ့ကျင့်မှုကို အောင်မြင်စွာဆောင်ရွက်ခဲ့ပါသည်။

DOCA (စစ်ကိုင်း)