ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်မှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် မြန်မာ့ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ လုပ်ငန်းများ ကြီးကြပ်ရေးဆပ်ကော်မတီနှင့် ပူးပေါင်း၍ ဇွန်လ (၁၀)ရက်၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ရွှေတောင်မြို့နယ်အတွင်းရှိ စက်သုံးဆီ အရောင်းဆိုင်များသို့ သွားရောက်၍ စက်သုံးဆီအရောင်းဆိုင်များအနေဖြင့် စက်သုံးဆီဆိုင်များအား အကြောင်းမဲ့ရောင်းချခြင်းမပြုဘဲ သိုလှောင်ထားရှိခြင်း၊ ဆိုင်အရောင်းပိတ်ထားခြင်းနှင့် သတ်မှတ် ဈေးနှုန်းများထက် ပိုမိုရောင်းချခြင်းများမရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြပါသည်။
ယင်းသို့ အဖွဲ့ဝင်များဖြင့် ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ရာတွင် ရွှေတောင်မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်ကြီး (၆)ဆိုင်အနေဖြင့် စက်သုံးဆီများအား အကြောင်းမဲ့ ရောင်းချခြင်းမရှိဘဲ သိုလှောင်ထားခြင်းများလည်း မတွေ့ရှိရကြောင်းနှင့် ဆိုင်ပိတ်ထားခြင်းမရှိဘဲ စက်သုံးဆီများအား သတ်မှတ်ဈေးနှုန်းများဖြင့်သာ ရောင်းချနေကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)