
စားသုံးသူရေးရာဦးစီးဌာန ဒေးဒရဲမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် မတ်လ (၁၉)ရက်နေ့ နေ့လည် (၁၁:၀၀)နာရီအချိန်တွင် ဒေးဒရဲမြို့ ချောင်းဖျား ကျေးရွာ၊ အမေ့ဂုဏ်ရောင် ဆန်စက်ရှိ လုပ်သားပြည်သူ(၁၅)ဦးအား စားသုံးသူကာကွယ်ရေး အသိ ပညာပေး ဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေး လုပ်ငန်းရှင်၏ အခွင့် အရေးနှင့် တာဝန်များ၊ စားသုံးသူကာကွယ်ရေးဆိုင်ရာ အကြောင်းအရာများ စားသုံးသူ လုံခြုံစိတ်ချရမှု့ ရှိစေရေးအတွက် စားသုံးအခွင့်အရေးနှင့် တာဝန်များ၊ စားသုံးသူကာကွယ်ရေး ဆောင်ရွက်ချက်များ စားသုံးသူများအနေဖြင့် ကုန်စည်နှင့် ဝန်ဆောင်မှုများ ဝယ်ယူခြင်းမပြုမီ သတိပြုဆောင်ရွက်ရမည် အချက်များ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့်အခွင့် အရေးများ စသည့် အကြောင်းအရာများကို အသိပညာပေး ဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)