
စားသုံးသူရေးရာဦးစီးဌာန၊ ဘိုကလေးမြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ် မတ်လ (၁၉)ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် ပြန်/ဆက် ဦးစီးဌာနရုံး၌ စာဖတ်ဝိုင်းရှိ စာဖတ်ပြည်သူ (၁၂)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ပါသည်။
အဆိုပါ ဟောပြောပွဲတွင် စားသုံးသူကာကွယ်ရေး ဥပဒေနှင့် ပတ်သက်၍ စားသုံးသူများ၏ အခွင့်အရေးနှင့် တာဝန်များ၊ စားသုံးသူများ လုံခြုံစိတ်ချရမှု့ရှိစေရေး၊ ကုန်စည်/ ဝန်ဆောင်မှု များအား ဝယ်ယူသုံးစွဲခြင်း မပြုမီ သတိပြုဆောင်ရွက်ရမည့်အချက်များ၊ အခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသားနှင့် ပတ်သက်၍ မြန်မာဘာသာဖြင့် ရေးသားဖော်ပြချက်များ ပါဝင် နေပြီး၊ စားသုံးသူများ ရွေးချယ်ဝယ်ယူနိုင်ကြောင်း၊ ကုန်စည်/ဝန်ဆောင်မှုများကြောင့် စားသုံးသူ များ နစ်နာဆုံးရှုံးမှု့များ ဖြစ်ပေါ်ပါက တိုင်းကြားနိုင်ကြောင်းနှင့် call center 1535 မှ လည်း ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ပါသည်။
DOCA(ဧရာဝတီ)