
မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် မီသတ်ဌာန၊ စုံစမ်းစစ်ဆေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ မတ်လ(၂၀) ရက်နေ့တွင် ကျိုက်လတ်မြို့နယ် တပေတမော့ကျေးရွာ ရှိ စက်သုံးဆီဆိုင်များတွင် သတ်မှတ်ထားသော ရည်ညွှန်းဈေးဖြင့် ရောင်းချခြင်း ရှိ/မရှိ၊ ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် တပေတမော့ကျေးရှိ စက်သုံးဆီဆိုင်များတွင် ရောင်းချနေသော (92)၊ Diesel၊ (95)၊ phsd စသည့် စက်သုံးဆီ ဈေးနှုန်းကို ကွင်းဆင်းစိစစ်ခဲ့ရာ သတ်မှတ်ထားသော ရည်ညွှန်းဈေးအတိုင်းရောင်းချလျက်ရှိကြောင်း၊ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြသည်ဟု သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)