စီးပွားရေးဘဏ်ရုံးတွင် ပင်စင်စားများအား ထောက်ပံ့စောင့်ရှောင်မှုပေးခြင်း

Powered by Drupal

          ကျိုက်လတ်မြို့နယ်အတွင်းရှိ ပင်စင်စားများအား မြန်မာ့စီးပွားရေးဘဏ်ရုံးတွင် မတ်လ(၂၁)ရက်နေ့ နှင့် (၂၂)ရက်နေ့များ၌ ပင်စင်လစာများ ထုတ်ပေးလျက်ရှိသည်။ မတ်လ (၂၁)ရက်နေ့တွင် လာရောက်၍ ပင်စင်လစာများ ထုတ်ယူသည့်  အဖိုးအဖွားများအား  အထောက်အပံ့ဖြစ်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်အတူ စားသုံးသူရေးရာ ဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ကျန်းမာရေးဦးစီးဌာန ကြက်ခြေနီဌာနတို့ ပူးပေါင်း ဆောင်ရွက်လျက်ရှိပါသည်။

          ကျိုက်လတ်မြို့နယ် ပင်စင်စားများအတွက် သက်သာသောဈေးနှုန်းဖြင့်  စားအုန်းဆီ တစ်ပိဿာလျှင် (၇၄၉၀) ကျပ် နှင့် ကြက်ဥတစ်လုံးလျှင် (၄၀၀)ကျပ်နှုန်းဖြင့်  လူတစ်ဦးလျှင် ဆီ(၁)ပိဿာနှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။ အဖိုးအဖွားများအား  ကျန်းမာရေးစောင့်ရှောင်မှုအနေဖြင့် သွေးပေါင် ချိန်ခြင်း၊ ဆီချိုသွေးချိုချိန်ပေးခြင်း၊ အခြား ရောဂါများအား ဆေးရုံသို့တစ်ဆင့်လွှဲပြောင်းပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)