မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ဈေးရပ်ကွက်တွင် ရောင်းချနေသော အသင့်သောက် ကော်ဖီထုပ်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် တာဝန်ခံဦးအောင်မိုးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ (၁၈.၃.၂၀၂၅) ရက်နေ့ နေ့လည် (၁:၀၀)နာရီ အချိန်တွင် ဈေးရပ်ကွက်ရှိ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချနေသောအသင့် သောက်ကော်ဖီထုပ်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါ သည်။  

ထို့သို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ဝါးခယ်မြို့နယ်တာဝန်ခံမှ ဈေးရပ်ကွက်ရှိ     ကုန်မျိုးစုံရောင်းချနေသော ဦးကုလားကြီး၊ ဦးဝင်းထွန်းနိုင်နှင့် ဒေါ်စန္ဒာဝင်းတို့၏ဆိုင်များတွင်      Sunday, Premier, Super, Platinum, Happy စသည့်အသင့်သောက်ကော်ဖီထုပ်များအား စားသုံးပြည်သူများအပေါ်ဈေးနှုန်းမြင့်တင်ရောင်းချခြင်းမပြုကြရန်၊ သတ်မှတ်ဈေးနှုန်းဖြင့်သာ ရောင်းချကြရန်၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားသော ကုန်ပစ္စည်းများကိုသာ ရောင်းချကြရန်ကုန်မျိုးစုံဆိုင်ပိုင်ရှင်များအား အသိပေးစစ်ဆေးခဲ့ကြောင်း သိရှိရပါ သည်။

DOCA(ဧရာဝတီ)