
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်ဝါးခယ်မမြို့နယ် တာဝန်ခံဦးအောင်မိုးနှင့်မြို့နယ်ရဲတပ်ဖွဲ့သည် (၁၇.၃.၂၀၂၅) ရက်နေ့ နံနက်(၉:၀၀) အချိန်တွင် ကြာကန် အ.ထ.က စာစစ်ဌာနရှိ တာဝန်ကျ ဆရာ/ဆရာမများနှင့် ပူးပေါင်း၍ Grade 12 ဖြေဆိုမည့် ကျောင်းသား၊ ကျောင်သူများ၏ စာစစ်တာဝန်အား ကြီးကြပ်ဆောင်ရွက်ခဲ့ပါသည်။
ထို့သို့ကြီးကြပ်ဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာနမြို့နယ်တာဝန်ခံသည် မြို့နယ် ရဲတပ်ဖွဲ့၊ တာဝန်ကျဆရာ/ဆရာမများနှင့်ပူးပေါင်း၍ ကနစိုးကုန်း အ.ထ.က စာစစ်ဌာနတွင် (၁၇.၃.၂၀၂၅) မှ (၂၂.၃.၂၀၂၅)အထိ၊ နံနက်(၉:၀၀) နာရီမှ နေ့လည် (၁၂:၀၀) အတွင်းဖြေဆို နေသည့် Grade 12 ကျောင်းသား၊ ကျောင်းသူများ၏ စာစစ်ကြီးကြပ်မှုအား ဆောင်ရွက်ရမည်ဖြစ်ပါ သည်။
DOCA(ဧရာဝတီ)