
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် မြောင်းမြမြို့နယ် ခရိုင်ဦးစီးမှူးဦးဇော်လင်းအောင်နှင့် ဒု-ခရိုင်ဦးစီးမှူးဦးလှထွဋ်ဦးသည် (၂၀.၃.၂၀၂၅)ရက်နေ့ နံနက် (၁၀:၀၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာနရုံး၌ စားအုန်းဆီရောင်းချနေသောလုပ်ငန်းရှင်များ အားခေါ်ယူတွေ့ဆုံ၍စားအုန်းဆီများအား သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချပေးနေခြင်း ရှိ/မရှိ စစ်ဆေးမေးမြန်းခဲ့ပါသည်။
ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် မြောင်းမြမြိုနယ်ခရိုင်ဦးစီးမှူးမှ မြောင်းမြမြို့တွင်ရောင်းချ နေသောစားအုန်းဆီ လက်လီ/လက္ကား ရောင်းချနေမှုအပေါ်သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချကြရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိစေရန်၊ အလေးချိန်ပြည့်ဝမှန်ကန်စွာရောင်းချ ကြရန်၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဖြန့်ဖြူးရောင်းချကြရန်ရှင်းလင်းပြောကြား ခဲ့ပြီးစားအုန်းဆီရောင်းချနေသောဆိုင်ပိုင်ရှင်များအား စားအုန်းဆီရောင်းချနေမှုအခြေအနေနှင့် လက်ရှိဖြစ်ပေါ်နေသောစားအုန်းဆီဈေးနှုန်းကြီးမြင့်မှုကို မိမိတို့ဆိုင်များအနေဖြင့် ပြည်သူများအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုရန်၊ သတ်မှတ်ဈေးနှုန်းဖြင့်သာရောင်းချရန်၊ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့်သိုလှောင်ထားရှိခြင်းများစစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စားအုန်း ဆီဆိုင်ပိုင်ရှင်အား ရှင်းလင်းဆွေးနွေးပြောကြားခဲ့ရပါသည်။
DOCA(ဧရာဝတီ)