မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ခရိုင်ဦးစီးမှူးရုံးတွင် Thursday Talk နှင့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း (၃/၂၀၂၅) ပထမနေ့ကိုပြုလုပ်ခြင်း

Powered by Drupal

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် မြောင်းမြမြို့နယ်တွင် ခရိုင်ဦးစီးမှူးံဦးဇော်လင်းအောင်နှင့်ဝန်ထမ်းများသည် (၂၀.၃.၂၀၂၅)ရက်နေ့ မွန်းလွဲ(၂:၀၀)အချိန်တွင် ခရိုင်ဦးစီးမှူးဦးဆောင်သော Thursday Talk နှင့်ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်သင်တန်းပြုလုပ်ဆောင်ရွက် ခဲ့ပါသည်။

ထိုသို့ပြုလုပ်ဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာနခရိုင်ဦးစီးမှူး ဦးဇော်လင်းအောင်မှ    ဦးစွာအဖွင့်အမှာစကားပြောကြားပြီး Online Sale  နှင့်ပတ်သက်၍လစဉ်တစ်လတစ်ကြိမ်ဆောင်ရွက်ရန် ကုန်သွယ်မှုနှင့်ပတ်သက်၍သတင်းရေးသားရန်၊ လုပ်ငန်းလိုအပ်ချက်များကိုအသေးစိတ်ရှင်းလင်းပြောကြား      ပြီး ငွေစာရင်းတာဝန်ခံ(ဒု-ဦးစီးမှူး)ဒေါ်ချယ်ရီမြင့်မှ Thursday Talk  ပြုလုပ်ခဲ့ပြီး ဦးစီးဌာန၏ ဌစပုံစံ (၁)မှ (၁၆)ထိ စာရင်းထိန်းသိမ်းမှုအကြောင်းကိုအသေးစိတ်ရှင်းလင်းပြောကြားခဲ့ပါသည်။ငွေစာရင်းတာဝန်ခံမှ ရာထူးတိုးဖြေဆိုရမည်ဝန်ထမ်းများ အတွက်သိသင့်သိထိုက်သည်များကိုပြောကြားပြီး သတင်းအချက် အလက်နည်းပညာနှင့်အရည်အသွေးစီမံခန့်ခွဲရေးဌာန တာဝန်ခံဦးစိုးဝင်း (ဒု-ကြီးကြပ်ရေးမှူး)ကလည်း ရာထူးတိုးဖြေဆိုရန်အတွက် သတင်းနှင့်ပတ်သက်သည့် အကြောင်းအရာများကိုအသေးစိတ်ရှင်းလင်းပြော ကြားခဲ့ပါသည်။ Thursday Talk နှင့်ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်သင်တန်းသို့ ခရိုင်နှင့်မြို့နယ်များမှ သင်တန်းသား/သင်တန်းသူ စုစုပေါင်း (၁၈) ဦး Zoom Meeting ဖြင့်တက်ရောက်ခဲ့ပါ သည်။

DOCA(ဧရာဝတီ)