မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ် စားသုံးသူပြည်သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show ပြုလုပ်

Powered by Drupal

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် လပွတ္တာမြို့နယ် တာဝန်ခံ ဦးမြင့်ဌေးသည် (၂၁.၃.၂၀၂၅) ရက်နေ့ နေ့လည်(၂:၀၀)အချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့နှင့်ပူးပေါင်း၍ စားသုံးသူပြည်သူများအား လပွတ္တာမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြု Community Centre ခန်းမတွင် စားသုံးသူအသိပညာပေး Talk Show ပြုလုပ်ခဲ့ပါ သည်။

          ထိုသို့ဟောပြောဆွေးနွေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးမှ စားသုံးသူအသိပညာပေး Talk Show ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်အားရှင်းလင်းပြောကြားပြီး စားသုံးသူ ရေးရာဦးစီးမှုးရုံးမြို့နယ်တာဝန်ခံမှ ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များရှေ့ဆက်လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များအားဦးစွာရှင်းလင်းပြောကြားခဲ့ပြီး မတ်လ(၁၅)ရက်နေ့တွင် ကျရောက်သောကမ္ဘာ့ စားသုံးသူအခွင့်ရေးများနေဖြစ်ပေါ်လာပုံအကြောင်းကိုအသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး ၂၀၁၉စားသုံးသူ ကာကွယ်ရေးဥပဒေပါ အခန်း(၁၁)ပုဒ်မ၂၃ပါ ကုန်စည်နှင့်စပ်လျဉ်း၍ဖော်ပြရမည့်အာမခံချက်များတွင်ပါဝင် သည့်အချက်(၇)ချက်အခန်း(၁၂)ပါကုန်စည်နှင့်စပ်လျဉ်း၍အာမခံပေးထားမှုအပေါ်စားသုံးသူကတောင်းစိုနိုင်သည့်အခွင့်အရေး(၄)ချက်တို့အားအသေးစိတ်ဆွေးနွေးဟောပြောခဲ့ပါသည်။ဥပဒေပါအချက်အလက်များသိရှိလိုပါကစားသုံးသူရေးရာဦးစီးဌာနခရိုင်ဦးစီးမှူးရုံးတွင်လည်းကောင်း စားသုံးသူရေးရာဦးစီးဌာနရုံးချုပ်၏ www.doca.gov.mm website တွင်လည်းဝင်ရောက်ကြည့်ရှုနိုင်ပါကြောင်းအသိပညာပေးဟောပြော ဆွေးနွေးခဲ့ပါသည်။

DOCA(ဧရာဝတီ)

 

a