မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ခရိုင်ဦးစီးမှူးရုံးတွင် Thursday Talk နှင့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း (၃/၂၀၂၅) ဒုတိယနေ့ကိုပြုလုပ်ခြင်း

Powered by Drupal

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် မြောင်းမြမြို့နယ်တွင် ခရိုင်ဦးစီးမှူးံဦးဇော်လင်းအောင်နှင့်ဝန်ထမ်းများသည် (၂၁.၃.၂၀၂၅)ရက်နေ့ နေ့လည်(၁၂:၀၀)အချိန်တွင် ခရိုင်ဦးစီးမှူးဦးဆောင်သော Thursday Talk နှင့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်သင်တန်းပြုလုပ်ဆောင်ရွက် ခဲ့ပါသည်။

ထိုသို့ပြုလုပ်ဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇော်လင်းအောင်မှ    ဦးစွာအဖွင့်အမှာစကားပြောကြားပြီး သင်တန်းကိုဖွင့်လှစ်ခဲ့ပါသည်။  မူစီဌာနခွဲမှ တာဝန်ရှိဝန်ထမ်းများ ကလည်းရာထူးတိုးဖြေဆိုရမည့်လူများအတွက် သိသင့်သိထိုက်သည်များကိုပြောကြားပြီး ခရိုင်ဦးစီးမှူး                       မှလည်းရာထူးတိုးဖြေဆိုရန်အတွက် လိုအပ်သည့်အကြောင်းအရာများကိုအသေးစိတ် ရှင်းလင်းပြောကြား ခဲ့ပါသည်။ Thursday Talk နှင့်ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်သင်တန်းသို့ ခရိုင်နှင့်မြို့နယ်များမှ သင်တန်းသား/သင်တန်းသူ စုစုပေါင်း (၁၈) ဦး Zoom Meeting ဖြင့်တက်ရောက်ခဲ့ပါ သည်။

DOCA(ဧရာဝတီ)