
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် အိမ်မဲမြို့နယ် တာဝန်ခံ ဒေါဇင်မာသန်းနှင့်ဝန်ထမ်းများသည် (၂၁.၃.၂၀၂၅) ရက်နေ့ မွန်းလွဲ (၃:၀၀)အချိန်တွင် အိမ်မဲမြို့နယ် Bow ကလစ်ပြုလုပ်ခြင်းသင်တန်းကျောင်းတွင် Online Sale နှင့်ပတ်သက်သောဥပဒေများအား အသိပညာ ပေးဟောပြောခဲ့ပါသည်။
ထိုသို့ဟောပြောဆွေးနွေးရာတွင် အိမ်မဲမြို့နယ်တာဝန်ခံမှ တက်ရောက်လာသော သင်တန်းသား/ သူ များအားမိတ်ဆက်စကားပြောကြားပြီးဌာန၏ လုပ်ငန်းတာဝန်များ၊ ရှေ့ဆက်ဆောင်ရွက်ရမည့်လုပ်ငန်း တာဝန်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။ ပြီးနောက် Online Shopping မှတ်ပုံတင်လျှောက်ထားရန် အတွက်ကုမ္ပဏီဖြစ်ပါကကုမ္ပဏီမှတ်ပုံတင်လက်မှတ် SMES မှတ်ပုံတင်လက်မှတ်များတင်ပြရန်လိုအပ်ပြီး တစ်ဦးချင်းဖြစ်ပါကတင်ပြရန်မလိုအပ်ပါကြောင်း ရောင်းချမည့်ဆိုင်လိပ်စာမှန်ကန်ကြောင်း ရပ်ကွက် ထောက်ခံစာနှင့်ရဲစခန်းထောက်ခံစာ၊ လိုင်စင်ဓာတ်ပုံ၊ Online Sale Owner ၏မှတ်ပုံတင်၊ နေထိုင်ကြောင်း လိပ်စာမှန်ကန်ကြောင်း၊ ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာ၊ Online Sale Logo များပြင်ဆင်ထား ရန်လိုအပ်ကြောင်း Online Sale လျှောက်ထားရာတွင် email သို့မဟုတ် Mobile Phone Number ဖြင့် Sing Up (Register) ပြုလုပ်၍ဆောင်ရွက်ရမည်ဖြစ်ကြောင်း အွန်လိုင်းစနစ်ဖြင့်မှတ်ပုံတင်နိုင်ကြောင်းနှင့် www.eComreg.gov.mm မှတစ်ဆင့် မှတ်ပုံတင်လျှောက်ထားနိုင်ကြောင်း Online Shopping မှတ်ပုံတင် လျှောက်ထားမှုမရှိပဲ Online မှရောင်းဝယ်ခြင်းများစစ်ဆေးတွေ့ရှိပါကအရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေပုဒ်မ(၅)အရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေးဟောပြောဆောင်ရွက်ခဲ့ပါသည်။ ဟောပြော ပွဲသို့ သင်တန်းသူ/သား (၁၂) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်
DOCA(ဧရာဝတီ)