တိုင်းရင်းဆေးဆိုင်များသို့ ကွင်းဆင်းစစ်ဆေး

Powered by Drupal

         ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးဦးတင်မောင်ထွန်းသည် ၁၆.၆.၂၀၂၂ ရက်နေ့တွင် တိုင်းရင်းဆေးပညာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ မြစ်ကြီးနားမြို့၊ စည်ပင်သာယာဈေး (၁)နှင့်ဈေး (၂)တို့ရှိ တိုင်းရင်းဆေးဆိုင်များသို့ သုံးစွဲရန် မသင့်သော တားမြစ်တိုင်းရင်းဆေးဝါးများ ရောင်းချဖြန့်ဖြူးခြင်း ရှိမရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါ သည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြစ်ကြီးနားမြို့ စည်ပင်သာယာဈေး(၁)နှင့်ဈေး(၂)အတွင်း တိုင်းရင်းဆေးဝါးရောင်းချနေသော ဆိုင်ရှင်များအား တရားဝင်မှတ်ပုံတင်ထားခြင်းမရှိသော ဆေးဝါး များမရောင်းချရန်နှင့်ရသေ့ဆေး (သို့)ထိုင်းဗိန်းတောဆေးနှင့် အာရှရွှေကြယ်အမှတ်တံဆိပ် အဆစ်အမြစ်ရောင်ရောဂါသောက်ဆေးများသည် တရားဝင်မှတ်ပုံတင်ထားမှုမရှိခြင်း၊ သုံးစွဲရန်မသင့်သော တားမြစ်ဆေးဝါးများဖြစ်ခြင်းကြောင့်  ရောင်းချခြင်းမပြုရန်အသိပေးကြေညာထားပြီးဖြစ်၍ ဈေးကွက်အတွင်း ရောင်းချဖြန့်ဖြူးခြင်းမပြုရန်နှင့် တွေ့ရှိပါက သက်ဆိုင်ရာဌာနသို့ အသိပေးရန် တိုင်းရင်း ဆေးပညာဦးစီးဌာန၊ လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်လဲ့လဲ့ဖြူက ပြောကြားခဲ့ပြီး စစ်ဆေးရေးမှူး ဦးတင်မောင်ထွန်းမှ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါရှိသည့် တိုင်းရင်းဆေးဝါးများကိုသာ ရောင်းချဖြန့်ဖြူးရန် ဆွေးနွေးခဲ့ပါသည်။

DOCA(ကချင်)