“သန်လျင်မြို့နယ်မြို့မဈေးအတွင်းကလေးကစားစရာကော်အရုပ်အမျိုးမျိုးရောင်းချသော ဆိုင်များအားဈေးကွက်စောင့်ကြည့်စစ်ဆေး ”

Powered by Drupal

ကော့မှူးမြို့နယ် ၊ မတ်  (၂၄) ရက်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် မြို့မဈေးအတွင်း ပြည်ပမှတင်သွင်း လာမည့် ကော်အရုပ်မျိုးစုံနှင့် ပြည်တွင်းမှ ထုတ်လုပ် ရောင်းချသည့် ကော်အရုပ်အမျိုးမျိုးတို့ ရောင်းချသည့်ဆိုင်များရှိ ကလေးများကိုင်တွယ်ကစားရာတွင် ဘေးအန္တရာယ်ရှိ/မရှိ စောင့်ကြည့်စစ် ဆေးခြင်းနှင့် ကုန်စည်ပေါ်၌ ကုန်အညွှန်းအမှတ်အသား ဖော်ပြရမည့်အချက်များ ပါဝင်မှုရှိ/မရှိ ဈေး ကွက်စောင့်ကြည့် စစ်ဆေးခြင်းအား ၂၀၂၅ခုနှစ်၊ မတ်လ(၂၂)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီ အချိန်တွင် စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ကွင်းဆင်း စစ်ဆေးခဲ့ ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ သန်လျင်မြို့နယ်မှ ဒေါ်ငြိမ်းငြိမ်းဝင်း (ဦးစီးမှူး)နှင့် ဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများသည် သန်လျင်မြို့မဈေး အတွင်းရှိ ကလေးကစားစရာ ကော်အရုပ်အမျိုးမျိုးတို့အား ကလေးများ ဆော့ကစားရာတွင် ဘေးအန္တရာယ် ကင်းရှင်းစေရန်နှင့် ကုန်စည်ပေါ်၌ ကုန်အညွှန်းအမှတ်များ အား မြန်မာဘာသာဖြင့် ဖြစ်စေ၊ မြန်မာ ဘာသာနှင့် အခြားဘာသာ တစ်ခု(သို့မဟုတ်) တစ်ခုထက်ပို၍ဖြစ်စေ မဖြစ်မနေ ဖော်ပြရမည့် အချက်များ ပါဝင်မှုရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းနှင့် ဈေးကွက်အတွင်း ကုန်အညွှန်း အမှတ်အသား ပြည့်စုံမှုမှရှိသည့် ကလေး ကစားစရာအရုပ်များအား ရောင်းချခြင်းမပြုလုပ်ကြရန်နှင့် ရောင်းချပါက စားသုံးသူ ကာကွယ်ရေး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဆိုင်ပိုင်ရှင်များအား အသိပညာပေး ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA(ရန်ကုန်)