
ခရမ်းမြို့နယ်၊ မတ်လ (၂၄) ရက်
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေး ဦးစီးဌာနနှင့် အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်ကျင်းပသည့် အခြေခံစက်ချုပ် သင်တန်းအား ၂၀၂၅ ခုနှစ်၊ မတ်လ(၁၉)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၌ ဖွင့်ပွဲ ကျင်းပပြုလုပ်ခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန ခရမ်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ ကြောင်းသိရသည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ် အုပ်ချုပ်ရေး မှူး ဦးအောင်ရဲ၊ မြို့နယ်အမျိုးသမီးရေးရာမှ ဥက္ကဌ ဒေါ်ခင်ထက်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန မှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းဝေ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်ကျော့ကေခိုင်၊ မြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်လှမြတ်ထက် တို့တက်ရောက်ခဲ့ကြပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ရဲက သင်တန်းဖွင့်လှစ်ရခြင်းအား အဖွင့်အမှာစကားပြောကြားခြင်း၊ အမျိုးသမီးရေးရာ ဥက္ကဌနှင့် ပြန်/ဆက်ဦးစီးမှူးတို့က အမျိုးသမီး များ အိမ်တွင်းမှုသင်တန်းများတွင် သင်ကြားပေးသော စက်ချုပ်နည်းစနစ်များ တက်မြောက်ခြင်း ဖြင့် အသက်မွေးဝမ်းကြောင်း အလုပ်အကိုင်များ ရရှိစေရန် ရည်ရွယ်၍ အမျိုးသမီးငယ်များအား သင်တန်းပို့ချပေးရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး သင်တန်းအား နံနက်(၁၁:၃၀) နာရီအချိန်တွင် ဆက်လက်ပို့ချခဲ့ပြီး သင်တန်းသူ (၁၀)ဦးခန့် တက်ရောက်၍ သင်တန်းကာလမှာ (၁၀)ရက်ခန့် သင်ကြား မည်ဖြစ်ကြောင်း သိရသည်။
DOCA(ရန်ကုန်)