
တွံတေးမြို့နယ် ၊ မတ်လ (၂၄) ရက်
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် မတ်လ(၂၂)ရက်နေ့၊ နေ့လည်(၁၁:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန တွံတေးမြို့နယ်တာဝန်ခံနှင့် မြို့နယ် စည်ပင်သာယာအဖွဲ့ ဈေးတာဝန်ခံတို့ ပူးပေါင်း၍ စည်ပင်သာယာမြို့မဈေးအတွင်းရှိ ကလေး ကစားစရာအရုပ်ဆိုင်များတွင် ရောင်းချလျက်ရှိသော အရုပ်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်း အမှတ်အသားများပါဝင်မှုရှိ/မရှိအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကလေးကစားစရာအရုပ်ဆိုင်များဖြစ်သော မင်းရဲကျော်စွာလမ်း၊ အုန်းပင်စုရပ်ကွက်ရှိ ရွှေပြည်အေးစတိုးနှင့်အရုပ်ဆိုင်၊ ဗိုလ်ချုပ်လမ်း၊ အုန်းပင်စု ရပ်ကွက်ရှိ မင်းမင်းရွှေ ကလေးပစ္စိုးဆိုင်များရှိ ကော်ဖြင့် ပြုလုပ်ထားသော ပြည်တွင်း ထုတ် ကော်ကားရုပ်မျိုးစုံနှင့် ကော်ငါးရုပ်မျိုးစုံ အစရှိသော ကလေးကစားစရာအရုပ်များတွင် ကုန် အညွှန်းအမှတ်အသားဖော်ပြရမည့် အချက်များအား မြန်မာဘာသာဖြင့် ဖော်ပြထားသည်ကို စစ်ဆေး တွေ့ရှိရပြီး မြို့နယ်တာဝန်ခံက ကလေးကစားစရာအရုပ် များတွင် ကုန်အညွှန်း အမှတ်အသား ထည့်သွင်းဖော်ပြမှု အားနည်းနေ၍ ကလေးများ ဆော့ကစား ရာတွင် ဘေးအန္တရာယ် ကင်းရှင်းစေရန် အရုပ်များတွင် ကြိုတင်သတိပေးချက်များ ထည့်သွင်း ဖော်ပြထားခြင်းဖြင့် ကလေး ထိခိုက်မှု မရှိစေရန်အတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေး ရခြင်းဖြစ်ကြောင်း အသိပညာပေးခဲ့ကြောင်း သိရပါသည်။
DOCA(ရန်ကုန်)