“ ဒလမြို့နယ်၌ကလေးကစားစရာအရုပ်များတွင်မြန်မာဘာသာဖြင့်ကုန်အညွှန်းအမှတ်အသား များပါဝင်မှုရှိ/မရှိဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ”

Powered by Drupal

ဒလမြို့နယ် ၊ မတ်  (၂၄) ရက်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် မတ်လ(၂၃)ရက်နေ့၊ နေ့လည်(၁၁:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန ဒလမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်း များ၊ မြို့နယ်စည်ပင်သာယာအဖွဲ့ ဈေးတာဝန်ခံတို့ ပူးပေါင်း၍ စည်ပင်သာယာမြို့မဈေး အတွင်းရှိ ကလေးကစားစရာအရုပ်ဆိုင်များတွင် ရောင်းချလျက်ရှိသော အရုပ်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်း အမှတ်အသားများပါဝင်မှုရှိ/မရှိအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကလေးကစားစရာအရုပ်ဆိုင်များဖြစ်သော စွယ်တော်လမ်း ကမာကဆစ်ရပ်ကွက်ရှိ အနန္ဒမေတ္တာစတိုးနှင့်အရုပ်ဆိုင်များရှိ ကော်ဖြင့် ပြုလုပ်ထားသော ပြည်တွင်းထုတ် ကော်အရုပ်မမျိုးစုံ အစရှိသော ကလေးကစားစရာ အရုပ်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့် အချက်များအား မြန်မာဘာသာဖြင့် ဖော်ပြထားသည်ကို စစ်ဆေးတွေ့ရှိရပြီး မြို့နယ်တာဝန်ခံက ကလေးကစားစရာ အရုပ်များတွင် ကုန်အညွှန်းအမှတ် အသား ထည့်သွင်းဖော်ပြမှု အားနည်းနေ၍ ကလေးများ ဆော့ကစားရာတွင် ဘေးအန္တရာယ် ကင်းရှင်းစေရန် အရုပ်များတွင် ကြိုတင်သတိပေးချက်များ ထည့်သွင်း ဖော်ပြထားခြင်းဖြင့် ကလေးထိခိုက်မှု မရှိစေရန်အတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေး ရခြင်းဖြစ်ကြောင်း အသိပညာ ပေးခဲ့ကြောင်း သိရပါသည်။

DOCA(ရန်ကုန်)