စားသုံးသူကာကွယ်ရေးဥပဒေနှင့်ပတ်သတ်၍ ထပ်ဆင့်ထုတ်ပြန်သည့်အမိန့်ညွှန်ကြားချက် များအား ရှင်းလင်းပို့ချခြင်းသင်တန်းကျင်းပ

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးက စားသုံးသူကာကွယ်ရေးဥပဒေနှင့် ပတ်သတ်၍ ထပ်ဆင့်ထုတ်ပြန်သည့် အမိန့်ညွှန်ကြားချက်များအား ရှင်းလင်းပို့ချခြင်း အခမ်းအနားကို မတ်လ ၂၄ ရက်နေ့က စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူး ရုံးတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ သင်တန်းဖွင့်ပွဲအခမ်းအနားကို စားသုံးသူရေးရာ ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်လွင်နှင့်တကွ အရာထမ်းများနှင့် သင်တန်းသား များ စုစုပေါင်း ၃၀ ဦးတို့ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားစတင်ချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်လွင်က အဖွင့် အမှာစကားပြောကြား ခဲ့ပါသည်။ ထို့နောက် သင်တန်းစတင်ခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်အောင်က စားသုံးသူကာကွယ်ရေးဆိုင်ရာသိကောင်းစရာ၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါခိုင်က ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းစဉ်ဆိုင်ရာ ညွှန်ကြားချက်အကြောင်း သိကောင်းစရာနှင့် လက်ထောက်ညွှန်ကြားရေးမှူး ‌ဒေါ်သင်းရည်မွန်ဟန်က စားသုံးသူတိုင်ကြား မှုများနှင့်စပ်လျဉ်း၍ လက်ခံဖြေရှင်းဆောင်ရွက်မှုနှင့် အရေးယူမှုဆိုင်ရာညွှန်ကြားချက် အကြောင်း သိကောင်းစရာများနှင့် ပတ်သတ်၍ ဟောပြောပို့ချခဲ့ပြီး အခမ်းအနားအောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။

DOCA(ရန်ကုန်)