ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၅ခုနှစ်၊ မတ်လ(၂၂)ရက်နေ့ နံနက် ( ၁၀:၀၀ )နာရီ အချိန်တွင် လွိုင်ကော်မြို့၊ ရှမ်းစုရပ်ကွက်နှင့်ရွှေတောင်ရပ်ကွက်ရှိ စားသောက်ကုန်/ လူသုံးကုန်ပစ္စည်းများရောင်းချနေသော အရောင်းဆိုင်များ၌ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော် မရှင်၏ ( ၂/၂၀၁၉ )ပါ ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိ/မရှိ သက်ဆိုင်ရာ မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ရှမ်းစုရပ်ကွက်နှင့်ရွှေတောင်ရပ်ကွက်ရှိ စားသောက်ကုန်/ လူသုံးကုန်ပစ္စည်းအများစုတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏( ၂/၂၀၁၉ )ပါ ကုန်အညွှန်းအမှတ်အသား သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိသော စားသောက်ကုန်/ လူသုံးကုန် ပစ္စည်းများကိုသာတင်သွင်းဖြန့်ဖြူးရောင်းချနေသည်ကို စစ်ဆေးတွေ့ရှိရပြီး စားသောက် ကုန်/လူသုံး ကုန်ပစ္စည်းများရောင်းချနေသော အရောင်းဆိုင်ပိုင်ရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်   အသား သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိသည့် စားသောက်ကုန်/ လူသုံးကုန်ပစ္စည်းများကိုသာ တင်သွင်းရောင်းချ ကြရန်နှင့် စီးပွားရေးလုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းများနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်ကြရန် အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကယား)