စားအုန်းဆီ ဖြန့်ဖြူးရောင်းချမှုအခြေအနေအား ကွင်းဆင်းကြပ်မတ်

Powered by Drupal

          ကယားပြည်နယ်အတွင်း နေထိုင်ကြသော ပြည်သူများလက်ဝယ်သို့ သက်သာသော နှုန်းထားနှင့် စားအုန်းဆီများ ဝယ်ယူစားသုံးနိုင်ရေးအတွက် စားအုန်းဆီဖြန့်ဖြူး ရောင်းချလျက်ရှိ ကြောင်း၊ ဖြန့်ဖြူးရောင်းချလျက်ရှိသော စားအုန်းဆီများအား ဈေးကွက်အတွင်း ဈေးနှုန်းမြှင့် တင်ရောင်းချ ခြင်းရှိ/မရှိ၊ အချိန်အတွယ်ပြည့်မီမှုရှိ/မရှိကို ၂၀၂၅ ခုနှစ်၊ မတ်လ(၂၁) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် သက်ဆိုင်ရာ မိတ်ဖက်ဌာနများဖြင့် ပူးပေါင်း၍ အရောင်းဆိုင်(၁၀) ဆိုင်သို့ကွင်းဆင်းကြပ်မတ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကယားပြည်နယ် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ အသင်းက ၂၀၂၅ ခုနှစ်၊ မတ်လ(၁)မှ (၂၁)ရက်နေ့အထိ  လက်ကားရည်ညွှန်း ဈေးအပေါ် အခြေခံ၍ ဒေသအရောက်ဈေးထပ်ပေါင်းပြီး တစ်ပိဿာလျှင် (၇၇၀၀)ကျပ်ဖြင့် လူ တစ်ဦးလျှင် တစ်ပိဿာနှုန်း ရောင်းချပေးလျက်ရှိသည်ကို တွေ့ရှိရပါသည်။

စားအုန်းဆီများရောင်းချရာတွင်လည်း အချိန်အတွယ်မှန်ကန်မှုရှိစေရေး၊ စားသုံးသူပြည် သူများ လက်ဝယ်သို့ သက်သာသောနှုန်းထားဖြင့် အမှန်တကယ်ရောင်းချစေရေး၊ ဈေးနှုန်းများ အဆ မတန် မြှင့်တင်ရောင်းချမှုမရှိစေရေးနှင့် ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားမှု မရှိစေရေး၊ စားသုံးသူလက်ဝယ်သို့ အမှန်တကယ်တိုက်ရိုက်ရောက်ရှိစေရေးတို့အတွက် စားအုန်း ဆီ ရောင်းချလျက်ရှိသော  အရောင်းဆိုင်များအား မြေပြင်အခြေအနေ ကွင်းဆင်းကြပ်မတ်မှု များဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကယား)