
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီးအတွင်းရှိ နိုင်ငံ့ ဝန်ထမ်းအငြိမ်းစားများအား ပင်စင်လစာထုတ်ယူသည့်နေရက်တွင် သက်သာသောစျေးနှုန်းဖြင့် ဆန်၊ ဆီ ရောင်းချပေးခြင်းနှင့် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ဆောင်ရွက်လျှက်ရှိရာ မကွေးမြို့နယ် တွင် စတုတ္ထအကြိမ် သက်သာသောစျေးနှုန်းဖြင့် စားအုန်းဆီများ ရောင်းချပေးခြင်းကို ပင်စင်လစာ စတင်ထုတ်ယူသည့် (၂၁.၃.၂၀၂၅)ရက်နေ့မှစတင်ပြီး လပိတ်ရက် အထိ ရုံးပိတ်ရက်မပါ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မကွေးမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစား (၆၀၀၀)ဦးခန့်ရှိပြီး ပင်စင်လစာစတင်ထုတ်ယူ သည့် (၂၁.၃.၂၀၂၅)ရက်နေ့မှ စတင်ပြီး လပိတ်ရက်အထိ ရုံးပိတ်ရက်မပါ အငြိမ်းစားတစ်ဦးလျှင် စားအုန်းဆီ(၁)ပိဿာအား သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေးရာတွင် စားသုံးသူရေးရာ ဦးစီးဌာန၊ မကွေးခရိုင်နှင့်ချောက်ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများမှ စနစ်တကျရှိစေရေး၊ အလေးချိန် ပြည့်ဝစေရေးအတွက် ပူးပေါင်း ပါဝင်ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း၊ ပင်စင်စားများအနေဖြင့်လည်း အစစကုန်ဈေးနှုန်းကြီးမြှင့်နေချိန်တွင် သက်သာဈေးနှုန်းဖြင့် စားသုံးဆီများဝယ်ယူရရှိသည့်အတွက် များစွာအထောက်အကူဖြစ်၍ ဝမ်းမြောက်ဝမ်းသာဖြစ်ကြောင်း သိရှိရပါသည်။
DOCA(မကွေး)